Live
Home
ရုပ်သံ
The Voice Myanmar Winner ဆုရှင် နိုဗန်ထူးကိုယ်တိုင်ရေး/ဆို သီချင်းသစ်-“ညငှက်”(ရုပ်သံ)
DVB
·
September 29, 2020
The Voice Myanmar Season 2 သီချင်းဆိုပြိုင်ပွဲရဲ့ Winner ဆုရှင် နိုဗန်ထူး ကိုယ်တိုင် ရေးသားပြီး ကိုယ်တိုင်သီဆိုထားတဲ့ သီချင်းသစ်တပုဒ် ထွက်ရှိလာခဲ့ပါတယ်။ “မမြင်ရသောမျက်ရည်တွေ… အနာမကျက်သောဒဏ်ရာများနဲ့… ခန္ဓာကိုယ် ရောင်းစား ကာအသက်ရှင်နေရတယ်… ဆာလောင်သောဝမ်းစာအတွက်… ငါမချစ်သော သူများနဲ့… အတူနေ ရခြင်းဝေးပါစေ… နောင်ဘဝကျ… ဆုတောင်းရုံကလွဲရင်… ဘာမှ မတတ်နိုင်ခဲ့… ဝဋ်ကြွေး ဆပ်ရုံပဲ… အခုတော့နားလည်… ဘဝဆိုတဲ့အဓိပ္ပာယ်… ငါတို့ ဘဝတွေလေ… ဘာမှမသက်ဆိုင်ခဲ့ … ငွေနောက်လိုက်နေတယ်… ငွေရဲ့ကျေးကျွန်ပဲ… ငွေနောက်လိုက်နေတယ်… ငွေရဲ့ကျေးကျွန်ပဲ” “ညငှက်”လို့ နာမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ Black Bird Music Production က တင်ဆက်လိုက်တာဖြစ်ပြီး နိုဗန်ထူးက ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ် မှာ ခုလိုရေးသားမျှဝေထားခဲ့တာ ဖြစ်ပါတယ်။ “ဒီသီချင်းကို ရေးဖြစ်တာ ကြာပါပြီ… ဒီသီချင်းက"ညငှက်"လေးနေရာက ဝင်ခံစားပြီး ရေး ထားပေးတဲ့သီချင်းလေးပါ… နားဆင်ကြည့်ပါဦး” အကြမ်းစား မက်တယ်လ်ရော့ခ်သီချင်းတွေနဲ့ ပြီးခဲ့တဲ့ The Voice Myanmar Season 2 မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ နိုဗန်ထူးဟာ Blind Audition၊ Battle Round၊ KnockOut Round၊ Liveshow နဲ့ Semi Final အဆင့် စတဲ့ ပြိုင်ပွဲအဆင့်တွေကို အကြိတ်အနယ် ဖြတ်ကျော်ပြီးမှ နောက်ဆုံး Grand Final အဆင့်ကို ရောက်ရှိခဲ့ကာ ပြိုင် ဘက်တွေကို ဖြတ်ကျော်ပြီး Winner ဆုကို ရရှိသွားခဲ့တာ ဖြစ်ပါတယ်။        လတ်တလောမှာတော့ နိုဗန်ထူးဟာ အနုပညာလှုပ်ရှားမှုတွေနဲ့အတူ ဂီတလမ်းကြောင်း ပေါ်မှာ ဆက်လက်လျှောက်လှမ်းနေပြီး ပြီးခဲ့တဲ့ လပိုင်းတွေက “မျက်နှာဖုံး”၊ “လူ့ငရဲ”စတဲ့ တကိုယ်တော် ဆင်ဂယ်လ်သီချင်းတွေလည်း ထွက်ရှိထားခဲ့တာ ဖြစ်ပါတယ်။        ခုတခါ သူ့ရဲ့ “ညငှက်”သီချင်းထဲမှာ ဘယ်လိုအသံပါဝါအားကောင်းကောင်းနဲ့ သီဆိုအစွမ်းပြ ထားမလဲဆိုတာကိုတော့ ပရိသတ်တွေက ဒီရုပ်သံထဲမှာ ခံစားနားဆင်နိုင်မှာ ဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024