အခြေခံဥပဒေပြင်ဆင်ရေး ညီနောင်တိုင်းရင်းသားများ ဆွေးနွေးမည်
DVB
·
July 5, 2013
အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်းက အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်သွားမယ်လို့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ နိုင်ငွေသိမ်းက ဒီဗွီဘီကို ပြောပါတယ်။
ဇူလိုင် ၆ ၊ ၇၊ ၁၃နဲ့ ၁၄ ရက်၊ ၄ ရက်တာကာလအထိ နေပြည်တော် ရတနာသိင်္ဃ ဟိုတယ်မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။
ဆွေးနွေးပွဲမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက ပြင်ဆင်သင့်တဲ့ အချက်တွေ၊ အခန်းတွေ၊ အပိုဒ်တွေကို ဆွေးနွေးသွားမှာ ဖြစ်တဲ့အပြင် တိုင်းရင်းသားနဲ့ ပတ်သက်ပြီး ပြဋ္ဌာန်းထားတဲ့ အပိုဒ်တွေကိုလည်း ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။
လက်ရှိ လွှတ်တော်မှာ အဖွဲ့ဝင် ၁၀၅ ယောက်ပါတဲ့ ဖွဲ့စည်းပုံသုံးသပ်ရေး ကော်မတီ ဖွဲ့စည်းထားပြီး ကြံ့ခိုင်ရေးနဲ့ စစ်တပ် အမတ်အများစုပါဝင်ကာ တိုင်းရင်းသား ကော်မတီဝင် အနည်းငယ်ပဲ ပါဝင်ပါတယ်။