ဆဲလ်ဗင်းဇူလိုင် အဖြစ်အပျက် တက္ကသိုလ်ကျောင်းများတွင် လက်ကမ်းစာစောင်များ ဖြန့်ဝေ
DVB
·
July 5, 2013
ဆဲလ်ဗင်းဇူလိုင်အဖြစ်အပျက် ကျောင်းသားတွေ သတိရစေဖို့ ရန်ကုန်မြို့မှာ ရှိတဲ့ ဒဂုံတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်၊ အရှေ့ပိုင်းတက္ကသိုလ်အပါအ၀င် တက္ကသိုလ် ၁၀ ခုမှာ လက်ကမ်းစာစောင်တွေ လိုက်လံ ဖြန့်ဝေပေးနေတယ်လို့ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ အဖွဲ့ဝင် ကိုဒီငြိမ်းလင်းက ဒီဗွီဘီကို ပြောပါတယ်။
လက်ကမ်းစာစောင်ထဲမှာ ၁၉၆၂ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ဆဲလ်ဗင်းဇူလိုင် အဖြစ်အပျက်တွေ၊ တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အအုံအကြောင်းတွေကို အတိုချုံ့ရေးသား ဖော်ပြထားတယ်လို့ ဆိုပါတယ်။
ဗမာနိုင်ငံလုံးဆိုင်ရာ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂကလည်း တနိုင်ငံလုံးက ခရိုင် ၁၀ ခုမှာ ဆဲလ်ဗင်းဇူလိုင်နဲ့ ပတ်သက်တဲ့ စာတမ်းဖတ်ပွဲတွေနဲ့ စကားရည်လုပွဲတွေ လုပ်မယ်လို့ အဖွဲ့ဝင် မဖြိုးဖြိုးအောင်က ပြောပါတယ်။