အတည်ပြုလူနာသစ် ၈၈၀ တွင် ရန်ကုန်တိုင်းက ၇၆၉ ဦးဖြင့် အများဆုံးဖြစ်
DVB
·
September 27, 2020
စက်တင်ဘာ ၂၆ ရက်နေ့ စစ်ဆေးအတည်ပြုခဲ့တဲ့ ကိုဗစ်-၁၉ လူနာ ၈၈၀ ထဲမှာ ရန်ကုန်တိုင်းက ၇၆၉ ယောက်နဲ့ အများဆုံးဖြစ်တယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။
ရန်ကုန်တိုင်းထဲ လူနာ အများဆုံးတွေ့တဲ့ မြို့နယ်တွေကတော့ လှိုင်သာယာမြို့နယ်က ၆၅ ယောက်၊ တွံတေးမြို့နယ်က ၆၃ ယောက် နဲ့ မြောက်ဥက္ကလာပက ၅၇ ယောက်ပါဝင်နေပါတယ်။
ရန်ကုန်တိုင်းထဲက ၄၂ မြို့နယ်က လူနာတွေပါဝင်ပြီး ၁ ယောက်ကတော့ နေရပ် စိစစ်ဆဲလို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်က ၃၅ ယောက်၊ ဧရာဝတီတိုင်းက ၁၁ ယောက်၊ မန္တလေးတိုင်းက ၄ ယောက်၊ ပဲခူးတိုင်းက ၁၇ ယောက်၊ စစ်ကိုင်းတိုင်းက ၆ ယောက်၊ မွန်ပြည်နယ်က ၁၃ ယောက်၊ နေပြည်တော်က ၁၅ ယောက်၊ ကရင်ပြည်နယ်က ၂ ယောက်၊ မကွေးတိုင်းက ၆ ယောက်၊ တနင်္သာရီတိုင်းနဲ့ ကချင်ပြည်နယ်တို့က ၁ ယောက်စီ ဖြစ်ပါတယ်။