Email This Story :
လက်ဘနွန် ဘက်မလိုက်အစိုးရဖွဲ့စည်းရေး တစ်လနီးပါး ကြိုးပမ်းပြီးနောက် ခန့်အပ်ခံ ဝန်ကြီးချုပ်ဟာ စက်တင်ဘာ ၂၅ ရက်က ရာထူးက နုတ်ထွက်သွားခဲ့ပါတယ်။
သြဂုတ် ၃၁ ရက်က ဂျာမနီနိုင်ငံဆိုင်ရာ သံအမတ်ကြီးဟောင်း မူစတာဖာ-အဒစ်ကို အစိုးရဖွဲ့ရေးအတွက် ဝန်ကြီးချုပ် ခန့်အပ်ခဲ့တာပါ။
မွတ်စလင်နဲ့ ခရစ်ယာန်အကြား အာဏာခွဲဝေယူကြပြီး နိုင်ငံရေးသမားတွေ ဂိုဏ်းဂဏ အစွဲကြီးတဲ့ လက်ဘနွန်နိုင်ငံမှာ ဝန်ကြီးချုပ် အဒစ်ဟာ ပညာရှင်တွေပါဝင်တဲ့ အစိုးရဖွဲ့ရေးကို ကြိုးပမ်းခဲ့ပါတယ်။
ဒါပေမဲ့လည်း အစိုးရအဖွဲ့ဝင်တွေ ခန့်အပ်ရေး အထူးသဖြင့် ဘဏ္ဍာရေးဝန်ကြီးနေရာ ခန့်အပ်ရေးနဲ့ပတ်သက်ပြီး သူရဲ့ကြိုးပမ်းချက်တွေ သဲထဲရေသွန်ဖြစ်သွားခဲ့ပါတယ်။
ပြည်တွင်းစစ်နောက်ပိုင်း အဆိုးဆုံးအခြေအနေကို ဖြေရှင်းဖို့ ဂိုဏ်းဂဏတွေကြား စည်းလုံးကြဖို့ ပြင်သစ်နိုင်ငံက ဖိအားပေးနေတဲ့ကြားက လက်ဘနွန်အစိုးရဖွဲ့ရေးဟာ ပျက်ပြား ခဲ့တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။