စကားလက်ဂျိုဟန်ဆန်ပါဝင်သည့် အမျိုးသမီးစူပါဟီးရိုးရုပ်ရှင်-Black Widow ရုံတင်ရက် ထပ်ရွှေ့ (ရုပ်ရှင်နမူနာ)

ဟောလိဝုဒ်စတား သရုပ်ဆောင်မင်းသမီး စကားလက်ဂျိုဟန်ဆန် ခေါင်းဆောင်ပါ ဝင်ထားတဲ့ အမျိုးသမီးစူပါဟီးရိုးရုပ်ရှင်- Black Widow ကို ရုံတင်ရက်ထပ်မံရွှေ့ဆိုင်း လိုက်ပြန်ပါတယ်။ အစပိုင်းတုန်းကတော့ ဒီရုပ်ရှင်ကို ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့ကတည်းက ရုံတင်ပြသနိုင်ဖို့ ကြေညာထားခဲ့ပေမယ့် ကမ္ဘာတလွှားကူးစက်ကပ်ရောဂါ ကိုဗစ်-၁၉ ဘေးကြောင့် အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကိုတော့ ဩစတြေးလျအမျိုးသမီး ရုပ်ရှင်ဒါရိုက်တာ Cate Shortland က ရိုက်ကူးပုံဖော်ပေးထားတာဖြစ်ပြီး Marvel Studios နဲ့ Walt Disney Studios တို့ကနေ ဖြန့်ချိပေးသွားမှာ ဖြစ်ပါတယ်။ Black Widow လို့ ပြောလိုက်တာနဲ့ ပရိသတ်တွေက Marvel Comics ဟီးရိုးရုပ် ရှင်စီးရီးတွေထဲက အမျိုးသမီးဇာတ်ကောင်ကို ပြေးမြင်မိကြမှာပါ။ ဒီဇာတ်ကောင်ဟာ ၂၀၁၀ ပြည့်နှစ်က ထွက်ရှိခဲ့တဲ့ Iron Man 2 ဇာတ်ကားထဲမှာ စတင်ပါဝင်ခဲ့တာဖြစ်ပြီး အဲ ဒီအချိန်ကတည်းက ပရိသတ်တွေက ဒီဇာတ်ကောင်နဲ့ သီးခြားရုပ်ရှင်ကားတကား ထွက်ရှိလာဖို့ မျှော်လင့်နေခဲ့ကြတာပါ။ ပြီးခဲ့တဲ့ Endgame ရုပ်ရှင်ထဲမှာတော့ Black Widow ဇာတ်ကောင်ဟာ အဆုံး သတ်သွားခဲ့တာမို့ ခုအသစ်ရိုက်ကူးမယ့် ရုပ်ရှင်ထဲမှာ ဘယ်အချိန်ကာလကို ရိုက်ကူးထားမလဲ၊ ဘယ်လို အကြမ်းစား အက်ရှင်ဇာတ်ဝင်ခန်းတွေနဲ့ ရိုက်ကူးထားမလဲဆိုတာကိုတော့ မကြာခင်မှာပဲ စောင့်မျှော်ကြည့်ရှုကြရတော့မှာ ဖြစ်ပါတယ်။ ဒီကားရဲ့ အဓိကဇာတ်ကောင် Black Widow တဖြစ်လဲ Natasha Romanoff  နေ ရာမှာတော့ ဟောလိဝုဒ်သရုပ်ဆောင်မင်းသမီး Scarlett Johansson က ခေါင်းဆောင်ပါ ဝင်ထားပြီး တခြားသရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ David Harbour ၊ Florence Pugh ၊ O-T Fagbenle နဲ့ Rachel Weisz တို့ကလည်း ပါဝင်ထားပါတယ်။ ယူကျုဘ်ပေါ်မှာတော့ Black Widow ရုပ်ရှင်ကား Trailer ကို လတ်တလောအချိန်ထိ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ သန်း ၂၀ ကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ ဒီကားကိုတော့ ဘတ်ဂျတ်အမေရိကန်ဒေါ်လာသန်း ၁၅၀ နဲ့ ၂၀၀ ကြား အကုန်အကျခံ ရိုက်ကူးထားခဲ့တာပါ။ ဒီရုပ်ရှင်ကားရဲ့ ရိုက်ကူးမှုတွေကိုတော့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် မေလကတည်းက စတင်ခဲ့ပြီး အချိန်တနှစ်အကြာ လာမယ့် ၂၀၂၀ ပြည့်နှစ်၊ မေလ ၁ ရက်နေ့ ရုံတင်ပြသသွားမယ်လို့ ကနဦး ကြေညာထားခဲ့တာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဒီကားကို လာမယ့် ၂၀၂၁ ခုနှစ်၊ မေလ ၇ ရက်နေ့ကို ထပ်မံ ရွှေ့ဆိုင်းထားခဲ့တာမို့ Marvel Comics ဟီးရိုးရုပ်ရှင်ပရိသတ်တွေက ထပ်မံပြီး စောင့်မျှော်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up