မွန်ပြည်နယ်၌ ကိုဗစ်-၁၉ လူနာသစ် ၁၆ ဦး ထပ်တိုး၊ စုစုပေါင်း ၂၀၇ ဦးအထိ ရှိလာ
DVB
·
September 24, 2020
မွန်ပြည်နယ်မှာ စက်တင်ဘာ ၂၃ ရက် ညပိုင်းနဲ့ စက်တင်ဘာ ၂၄ ရက်နေ့ မနက်ပိုင်းမှာ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁၆ ဦး ထပ်မံတွေ့ရှိခဲ့ပြီး စုစုပေါင်း ၂၀၇ ဦး ရှိလာပြီလို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
ရောဂါပိုး တွေ့ရှိမှုအရ ဘီးလင်း ၅ ဦး၊ ပေါင် ၅ ဦး၊ သံဖြူဇရပ် ၃ ဦး နဲ့ ချောင်းဆုံမြို့နယ် ၂ ဦး၊ မော်လမြိုင်မြို့နယ် ၁ ဦး စုစုပေါင်း ၁၆ ဦး ရောဂါပိုး ထပ်မံ ကူးစက်ခံခဲ့ရတာပါ။
ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့တဲ့သူတွေကို မော်လမြိုင်ပြည်သူ့ဆေးရုံကြီးကို ပြောင်းရွှေ့ကုသပေးနေပါတယ်။
လက်ရှိမှာတော့ ကိုဗစ်-၁၉ အတည်ပြုလူနာနဲ့ ထိတွေ့ခဲ့တဲ့သူတွေကို လိုက်လံခေါ်ဆောင်ပြီး အသွားအလာ ကန့်သတ်ထားတဲ့ ကွာရန်တင်းစခန်းကို ပို့ဆောင်နေတယ်လို့ မော်လမြိုင် လူမှုကယ်ဆယ်ရေးအဖွဲ့အတွင်းရေးမှူး ကိုဇင်မိုးက ပြောပါတယ်။
မွန်ပြည်နယ်မှာတော့ စက်တင်ဘာ ၂၄ ရက်နေ့ မနက်ပိုင်းအထိ ကိုဗစ်-၁၉ တည်ပြုလူနာ ၂၀၇ ဦးအထိ ရှိလာခဲ့တာ ဖြစ်ပါတယ်။
ဒါအပြင် ရောဂါပိုး ကူးစက်သူ နေ့စဉ်နဲ့ အမျှ တွေ့ရှိနေတဲ့အတွက်ကြောင့် မော်လမြိုင်၊ သထုံ၊ ဘီးလင်းနဲ့ မုဒုံမြို့နယ်တို့ရှိ ရပ်ကွက်တချို့ကို lock down ပြုလုပ်ထားပါတယ်။