Home
မြန်မာသတင်း
ပြည်ပရောက်မြန်မာများ ကြိုတင်မဲပေးရမည့်ရက် သံရုံးအသီးသီးကြေညာ
DVB
·
September 24, 2020
ကမ္ဘာ့နိုင်ငံတွေအသီးသီးမှာ ရောက်ရှိနေတဲ့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မြန်မာနိုင်ငံသား တွေအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးနိုင်မယ့် မဲရုံတည်နေရာ၊ နေ့ရက် နဲ့ အချိန်တွေကို သက်ဆိုင်ရာနိုင်ငံတွေအလိုက် မြန်မာသံရုံးအသီးသီးက ထုတ်ပြန်ကြေ ညာထားပါတယ်။        ဂျပန်နိုင်ငံရောက် မြန်မာတွေအနေနဲ့ မဲရုံတည်ရှိရာ တိုကျိုမြို့ မြန်မာသံရုံးမှာ လာမယ့် အောက်တိုဘာလ ၃ ရက်မှ ၉ ရက်နေ့အထိ နေ့စဉ်မနက် ၉ နာရီမှ ညနေ ၅ နာရီအတွင်း မဲပေးနိုင်မှာ ဖြစ်ပါတယ်။ ဂျပန်မှာ ကြိုတင်ဆန္ဒမဲပေးဖို့ စာရင်းပေးထားတဲ့ မြန်မာနိုင်ငံသား ပေါင်း ၈၁၄၈ ဦးရှိတယ်လို့လည်း သံရုံးကထုတ်ပြန်ထားပါတယ်။         အမေရိကန်နိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာတွေအနေနဲ့ မဲရုံတည်ရှိရာ ဝါရှင်တန်ဒီစီ မြို့ မြန်မာသံရုံးမှာ လာမယ့် အောက်တိုဘာလ ၁၀ ရက်နဲ့ ၁၁ ရက်နေ့ ၂ ရက်မဲပေးနိုင်မှာဖြစ်ကာ နေ့စဉ်မနက် ၈ နာရီကနေ ညနေ ၅ နာရီအတွင်း မဲပေးနိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။  နိုင်ငံသားတွေ မဲပေးခွင့်မဆုံးရှုံးစေဖို့ သက်ဆိုင်ရာ ပြည်နယ်တွေအလိုက် မဲပေးနိုင်အောင် စီစဉ်ပေးထားပြီး နောက်ထပ် မဲရုံခွဲတခုဖြစ်တဲ့ ဖို့ထ်ဝိန်းမြို့က ဇေတဝန် ကျောင်းတိုက်မှာလည်း အောက်တိုဘာ ၁၁ ရက် မနက် ၈ နာရီကနေ ညနေ ၅ နာရီအတွင်း မဲပေးနိုင်တယ်လို့ ကြေညာထားတာပါ။ အစ္စရေးနဲ့ ဆိုက်ပရပ်စ်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေကတော့ မဲရုံတည်ရှိရာ တဲလ်အဗီးစ်မြို့ မြန်မာသံရုံးမှာ လာမယ့် အောက်တိုဘာ ၅ ရက်ကနေ ၉ ရက်နေ့အထိ နေ့စဉ်မနက် ၉ နာရီခွဲကနေ  ညနေ ၄ နာရီခွဲအတွင်း မဲပေးနိုင်မယ်လို့ ဆိုပါတယ်။        ဗီယက်နမ်နိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ကတော့ မဲရုံ ၂ နေ ရာ၊ နေ့ရက် ၂ ရက် သတ်မှတ်ထားပြီး ဟနွိုင်းမြို့ မြန်မာသံရုံးမှာ လာမယ့် အောက်တိုဘာ ၄ ရက်နေ့ မနက် ၉ နာရီကနေ ညနေ ၅ နာရီအတွင်း မဲပေးနိုင်ပြီး ဟိုချီမင်းမြို့မှ‌ေတော့ လာမယ့် အောက်တိုဘာလ ၁၁ ရက်နေ့ မနက် ၉ နာရီကနေ ညနေ ၅ နာရီအတွင်း မဲပေးနိုင်မှာ ဖြစ်ပါတယ်။        ကနေဒါရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ မဲရုံတည်ရှိရာ အော်တာဝါမြို့ မြန်မာသံရုံးမှာ လာမယ့် အောက်တိုဘာလ ၁၀ ရက်ကနေ ၁၂ ရက်နေ့အထိ နေ့စဉ်မနက် ၉ နာရီခွဲကနေ ညနေ ၄ နာရီအတွင်း မဲပေးနိုင်မယ်လို့ ဆိုပါတယ်။        အိန္ဒိယနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကတော့ မဲရုံတည်ရှိရာ နယူး ဒေလီမြို့ မြန်မာသံရုံးမှာ လာမယ့် အောက်တိုဘာလ ၈ ရက်ကနေ ၁၁ ရက်နေ့အထိ နေ့စဉ် မနက် ၉ နာရီခွဲကနေ ညနေ ၄ နာရီခွဲအတွင်း မဲပေးနိုင်မှာ ဖြစ်ပါတယ်။        ရုရှားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ မဲရုံတည်ရှိရာ မော်စကိုမြို့ မြန်မာ သံရုံးမှာ လာမယ့် အောက်တိုဘာလ ၃ ရက်၊ ၄ ရက်၊ ၁၀ ရက်၊ ၁၁ ရက်နေ့တွေမှာ နေ့စဉ် မနက် ၁၀ နာရီကနေ ညနေ ၆ နာရီအတွင်း မဲပေးနိုင်မှာ ဖြစ်ပါတယ်။        တရုတ်နိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကတော့ မဲရုံတည်ရှိရာ ပ‌ေကျင်းမြို့ မြန်မာသံရုံးမှာ လာမယ့် အောက်တိုဘာလ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေမှာ နေစဉ်မနက် ၉ နာရီကနေ ညနေ ၅ နာရီအတွင်း မဲပေးနိုင်မယ်လို့ ဆိုပါတယ်။        မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေကတော့ မဲရုံတည်ရှိရာ ကွာလာလမ်ပ‌ေမြို့ မြန်မာသံရုံးမှာ အောက်တိုဘာလ ၉ ရက်ကနေ ၁၁ ရက်နေ့အထိ နေ့စဉ်မနက် ၉ နာရီကနေ ညနေ ၅ နာရီအတွင်း မဲပေးနိုင်မှာ ဖြစ်ပါတယ်။        မြန်မာနိုင်ငံသား အများစုရှိရာ ထိုင်းနိုင်ငံ မြန်မာသံရုံးကတော့ ကြိုတင်ဆန္ဒမဲပေ‌းပွဲကို လာမယ့် အောက်တိုဘာလ ပထမပတ်ကနေ တတိယပတ်အတွင်း ကျင်းပသွားဖို့ စစဉ်ထားပြီး မဲရုံတည်နေရာ၊ နေ့ရက်နဲ့ အချိန်တွေကို ထပ်မံထုတ်ပြန်ပေးသွားမယ်လို့ အသိပေးထားပါတယ်။        ဖိလစ်ပိုင်နိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကတော့ မဲရုံတည်ရှိရာ မနီလာမြို့ မြန်မာသံရုံးမှာ လာမယ့် အောက်တိုဘာလ ၁၀ ရက်နေ့ မနက် ၉ နာရီကနေ ညနေ ၅ နာရီအတွင်း မဲပေးနိုင်ကြောင်း ကြေညာထားပါတယ်။        ဂျာမနီ၊ ပိုလန်နဲ့ ဖင်လန်နိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့က တော့ မဲရုံတည်ရှိရာ ဘာလင်မြို့ မြန်မာသံရုံးမှာ လာမယ့် အောက်တိုဘာလ ၁၀ ရက်ကနေ ၁၂ ရက်နေ့အထိ နေ့စဉ်မနက် ၉ နာရီခွဲကနေ ညနေ ၅ နာရီအတွင်း မဲပေးနိုင်မှာ ဖြစ်ပါ တယ်။        ဆော်ဒီအာရေဗျနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ မဲရုံတည်ရှိ ရာ ရီယာဒ်မြို့ သံရုံးဉပစာတွင်းမှာ လာမယ့် အောက်တိုဘာလ ၁၀ ရက်နေ့ မနက် ၇ နာရီခွဲကနေ ညနေ ၇ နာရီခွဲအတွင်း မဲပေးနိုင်မှာ ဖြစ်ပါတယ်။        စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားတွေကတော့ မဲရုံတည်ရှိရာ မြန်မာသံရုံးမှာ လာမယ့် အောက်တိုဘာလ ၁ ရက်ကနေ ၁၅ ရက်နေ့ထိ နေ့စဉ်မနက် ၉ နာရီကနေ ညနေ ၅ နာရီခွဲအတွင်း မဲပေးနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။        ဩစတြီးယားနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေအနေဲ့ မဲရုံတည်ရှိရာ ဗီယင်နာမြို့ မြန်မာသံရုံးမှာ လာမယ့် အောက်တိုဘာလ ၁၀ ရက်နေ့နဲ့ ၁၁ ရက်နေ့တွေမှာ နေ့စဉ်မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအတွင်း မဲပေးနိုင်မှာ ဖြစ်ပါတယ်။        ဆွစ်ဇာလန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေကတော့ မဲရုံတည်ရှိရာ ဂျီနီဗာမြို့ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးမှာ လာမယ့် အောက်တိုဘာလ ၁၀ ရက်နေ့နဲ့ ၁၁ ရက်နေ့တွေမှာ နေ့စဉ်မနက် ၈ နာရီကနေ ညနေ ၄ နာရီအတွင်း မဲပေးနိုင်မှာ ဖြစ်ပါတယ်။        သီရိလင်္ကာနဲ့ မော်လ်ဒိုက်၊ ကူဝိတ်၊ ကမ္ဘောဒီးယား၊ ဘယ်လ်ဂျီယမ်၊ အီဂျစ်စတဲ့ တ ချို့နိုင်ငံတွေမှာတော့ ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ပုံစံ(၁၅) ပေးပို့နိုင်တဲ့ ရက်တိုး မြှင့်ထားတာတွေ ရှိသလို၊ မဲပေးနိုင်သူတွေအမည်စာရင်းနဲ့ ဖော်ပြထားတာတွေနဲ့ ကြိုတင်ဆန္ဒမဲ ပေးနိုင်မယ့် မဲရုံတည်နေရာ၊ နေ့ရက်နဲ့ အချိန်တွေကို ထပ်မံထုတ်ပြန်ပေးသွားဖို့ ကြေညာထားပါတယ်။ ကမ္ဘာတဝန်းမှာ မြန်မာသံရုံးနဲ့ ကောင်စစ်ဝန်ရုံးရှိတဲ့ မြို့ပေါင်း ၄၀ ကျော်ရှိရာမှာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတုန်းက ကမ္ဘာတဝန်းက မြန်မာမဲဆန္ဒရှင်တွေ ကြိုတင်မဲပေးခဲ့ကြတဲ့ စုစုပေါင်း အရေအတွက်က  ၃၀၀၀၀ ကျော်လောက်ရှိပါတယ်။ အခု ၂၀၂၀ ရွေးကောက်ပွဲမှာတော့  ကြိုတင် ဆန္ဒမဲပေးဖို့ စာရင်းပေးထားသူပေါင်း ၁ သိန်းကျော် ရှိနေပြီလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောထားပါတယ်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024