မလေးရှားတွင် အခက်ကြုံနေသည့် မြန်မာ ၁၆၅ ဦး MAI လေကြောင်းဖြင့် ပြန်လည် ရောက်ရှိ
DVB
·
September 23, 2020
မလေးရှားနိုင်ငံမှာ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသား ၁၆၅ ဦးကို မြန်မာ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေး လေယာဉ်နဲ့ ပြန်လည်ခေါ် ဆောင်နိုင်ခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဒီကနေ့ညနေ ၅ နာရီ မှာ ရောက်ရှိလာ တဲ့ နေရပ်ပြန် မြန်မာနိုင်ငံသားတွေကို ကျန်းမာရေးစိစစ်ပြီး သီးသန့်စီစဉ်ပေးထားတဲ့ နေရာ/သတ်မှတ်ဟိုတယ်တွေမှာ အသွားအလာ ကန့်သတ်မှု ၁၄ ရက်နဲ့ နေအိမ်မှာအသွားအလာ ကန့်သတ်မှု ၇ ရက် နေထိုင်စေဖို့ ဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။
နောက်ထပ်လည်း မလေးရှားနိုင်ငံမှာ ရောက်ရှိနေတဲ့ အထောက်ထားမဲ့ မြန်မာနိုင် ငံသားတွေ အကြောင်းအမျိုးမျိုးကြောင့် ထိန်းသိမ်းရေးစခန်းတွေမှာ ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရတဲ့ မြန်မာနိုင်ငံသားတွေကိုလည်း နိုင်ငံသား ဖြစ်တည်မှု မှန်ကန်ကြောင်း အထောက် အထားတွေ စိစစ်ပြီး ပြန်လည် ခေါ်ဆောင်နိုင်ဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
လတ်တလောအချိန်ထိ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်မှုနဲ့ မလေးရှားနိုင်ငံ မြန်မာသံရုံးနဲ့ မလေးရှားနိုင်ငံက သက်ဆိုင်ရာ အဖွဲ့အစည်းတွေ ပူးပေါင်းညှိနှိုင်းဆောင် ရွက်မှုနဲ့ မလေးရှားနိုင်ငံကနေ ကယ်ဆယ်ရေးလေယာဉ် ၁၅ ကြိမ်တိုင် ပျံသန်းပြေးဆွဲခဲ့ ပြီး ဖြစ်ပါတယ်။
PHOTO-MOFA