ကမ္ဘာ့ရေးရာတွင် အာဖရိက ပါဝင်ဆုံးဖြတ်နိုင်ရေး နိုင်ဂျီးရီးယား တိုက်တွန်း

Professor Ibrahim Gambari speaks at the opening session of a Public Lecture on Nigeria and the commonwealth of Nations in Abuja, Nigeria February 18, 2016. REUTERS/Afolabi Sotunde - GF10000313773
1.7K
ကမ္ဘာ့ရေးရာတွေမှာ အာဖရိကနိုင်ငံတွေ ပါဝင်ဆုံးဖြတ်နိုင်ရေး ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှာ အာဖရိကအတွက် နေရာပေးဖို့ နိုင်ဂျီးရီးယား သမ္မတ မူဟမ်မာဒူဘူဟာရီက စက်တင်ဘာ ၂၂ ရက်မှာ ဆော်သြလိုက်ပါတယ်။
နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေကို တိုက်ဖျက်ဖို့နဲ့ ဆင်းရဲမွဲတေမှုကို အမြစ်ဖြုတ် သုတ်သင်ဖို့ နိုင်ငံတကာလူ့အဖွဲ့အစည်းက ပိုအားထုတ်ဖို့လည်း တိုက်တွန်းပါတယ်။
ကုလသမဂ္ဂအထွေထွေညီလာခံအတွက် ကြိုတင်အသံသွင်းထားတဲ့ မိန့်ခွန်းမှာ “နိုင်ဂျီးရီးယားဟာ ဘိုကိုဟာရမ် သူပုန်တွေ၊ ဓားပြတွေရဲ့ အကြမ်းဖက် အစွန်းရောက်ဝါဒကို ရင်ဆိုင်နေရဆဲ ဖြစ်တယ်။ ချဒ်ရေကန်လွင်ပြင်နဲ့ ဆာဟဲဒေသထဲမှာ အကြမ်းဖက်ဝါဒီတွေကို နှိမ်နင်းဖို့ အိမ်နီးချင်းနိုင်ငံတွေ ကုလသမဂ္ဂ အကြမ်းဖက်မှုတိုက်ဖျက်ရေးအဖွဲ့တွေနဲ့ ကျနော်တို့ဟာ အားကောင်းကောင်း ဆက်ပြီး ပူးပေါင်းဆောင်ရွက်နေတယ်” ခုလို ပြောလိုက်တာပါ။
ချဒ်ရေကန် ဝန်းကျင်ဒေသမှာ ဘိုကိုဟာရမ် သူပုန်တွေရဲ့ ဆယ်စုနှစ်ချီ သူပုန်ထမှုအတွင်း လူ အယောက် ၃ သောင်းကျော် သေဆုံးပြီး ၃ သန်းလောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။
၂၁ ရာစု ကွဲပြားခြားနားမှုနဲ့ လုပ်ငန်းစဉ်တွေကို ထင်ဟပ်စေဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တိုးချဲ့ရေး နိုင်ဂျီးရီးယားက ထောက်ခံ အားပေးပါတယ်။
အာဖရိကဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီထဲမှာ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံ နေရာတွေနဲ့ ထိုက်တန်တယ်လို့လည်း နိုင်ဂျီးရီးယား သမ္မတက ပြောပါတယ်။