Live
Home
မြန်မာသတင်း
ကိုဗစ်-၁၉ လူနာ ၁၃ ဦးထပ်မံသေဆုံး၊ မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူပေါင်း ၁၂၉ ဦးရှိလာ
DVB
·
September 23, 2020
အသက်  ၉၀ ကျော်အရွယ် လူနာ အမျိုးသား တစ်ဦးအပါအဝင်  ၁၃ ဦးထပ်မံသေဆုံးသွားပြီး မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးသူပေါင်း ၁၂၉ ဦးရှိလာပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ညနေ ၄ နာရီခွဲအချိန် ထုတ်ပြန်ချက်အရ သိရပါတယ်။ သေဆုံးသွားသူတွေကတော့ ရန်ကုန်ဆေးရုံကြီးမှာ တက်ရောက်နေတဲ့ အသက် ၈၅ နှစ်အရွယ် အမျိုးသား တစ်ဦး၊ အသက် ၉၁ အရွယ် အမျိုးသမီးသားတစ်ဦး၊ အသက် ၅၇ နှစ်အရွယ် အမျိုးသား တစ်ဦး၊ အသက် ၇၉ နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ အသက် ၄၁ အရွယ် အမျိုးသား တစ် ဦးပါဝင်ပါတယ်။ ဒါ့အပြင် မြောက်ဥက္ကလာပဆေးရုံက အသက် ၆၆ နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ အသက် ၇၀ နှစ်အရွယ် အမျိုးသားတစ်ဦး၊ ရန်ကုန်အရှေ့ပိုင်းဆေးရုံက အသက် ၇၈ နှစ်အရွယ် အမျိုးသားတစ်ဦး၊ ကိုဗစ်-၁၉ ကုသရေးဌာန ဖောင်ကြီးက  အသက် ၄၃ နှစ် အရွယ် အမျိုးသား တစ်ဦး၊ အသက် ၇၅  နှစ်အရွယ်အမျိုးသားတစ်ဦးနဲ့ အသက် ၅၂ နှစ်အရွယ် အမျိုးသားတစ်ဦး၊ စစ်တွေဆေးရုံက အသက် ၇၁ နှစ်အရွယ် အမျိုးသား တစ်ဦးနဲ့ စဝ်စံထွန်းဆေးရုံက အသက် ၆၇ နှစ်အရွယ် အမျိုသား တစ်ဦးတို့  ပါဝင်ပါတယ်။  စက်တင်ဘာ ၂၂ ရက်နေ့ ဓာတ်ခွဲအတည်ပြုလူနာသစ် ၄၈၈ ဦးဖြစ်ပြီး  စက်တင်ဘာ ၂၃ ရက် ညနေ ၄ နာရီခွဲ အထိမြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း  ၆,၉၅၈  ဦးနဲ့ သေဆုံးသူပေါင်း ၁၂၉  ဦး ရှိတယ်လို့လည်း ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024