Home
မြန်မာသတင်း
မြင်းခြံမြို့တွင် ကွာရန်တင်းဝင်နေသူ ၃၇ ဦးသာကျန်ရှိ၊ အားလုံး ကိုဗစ်-၁၉ ပိုးကင်းစင်  
DVB
·
September 23, 2020
မန္တလေးတိုင်းဒေသကြီး  မြင်းခြံမြို့မှာ  ကွာရန်တင်းဝင်နေသူ စုစုပေါင်း   ၃၇ ဦးသာ ကျန်ရှိပြီး အားလုံး နှစ်ကြိမ်ဆက်တိုက် ပိုးကင်းစင်တယ်လို့ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက သိရပါတယ်။ စက်တင်ဘာ ၂၂ ရက်အထိ  မြင်းခြံနည်းပညာတက္ကသိုလ်(GTC) မှာ ၁ ဦး၊ မြင်းခြံ ဒီဂရီကောလိပ်မှာ ၁၅ ဦးနဲ့  Hotel Quarantine ဝင်နေသူ ၂၁ ဦး  စုစုပေါင်း Quarantine ဝင်နေသူ ၃၇ ဦးသာ ကျန်ရှိတာပါ။  မြင်းခြံဒီဂရီကောလိပ် Quarantine Center မှာ နှစ်ကြိမ် ပိုးမတွေ့သူ  ၁၅ ဦးရှိနေပြီး ကွာရန်တင်းဝင်နေသူတွေ ၁၄ ရက်ပြည့်လို့ အိမ်ပြန်ရင် တာဝန်ကျဆရာ၊ ဆရာမတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ ဆေးစစ်မှုခံယူပြီးမှ အိမ်ပြန်ရမယ်လို့ စင်တာရဲ့ ကျန်းမာရေးမှူး ဦးဝေယံထွန်းက ပြောပါတယ်။  ဒါ့အပြင် Hotel Quarantine ဝင်နေသူတွေမှာလည်း  နှစ်ကြိမ်လုံး ပိုးမတွေ့တာကြောင့် ၁၄ ရက်ပြည့်ပါက အိမ်ပြန်ပို့မှာဖြစ်ပါတယ်။ Quarantine ထားခဲ့တဲ့ Hotel အခန်းတွေကိုတော့ သန့်ရှင်းရေးလုပ်၊ ပိုးသတ်ဆေးတွေ ဖျန်းပြီးတံခါးတွေကို ၃ ရက်လောက်ပိတ်ထားမယ်လို့ မြင်းခြံ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အတွင်းရေးမှူး  ဒေါက်တာစောရဲဝင်းက ပြောပါတယ်။  စက်တင်ဘာ ၂၂ ရက်အထိ  မြင်းခြံဆေးရုံမှာလည်း ကိုဗစ်- ၁၉ ရောဂါဆေးကုသမှုခံယူနေသူ ၉ ဦးသာကျန်ရှိပြီး အခုရက်ပိုင်းအတွင်းမှာတော့ မြင်းခြံမှာ ကိုဗစ်-၁၉ ထပ်တိုးလူနာသစ် မရှိဘူးလို့ သိရပါတယ်။ သတင်း - အဂ္ဂဖြိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024