မက်ဂွဲယားနှင့် လင်ဒီလော့ဖ်တို့ မန်ယူနိုက်တက်တွင် ကစားရန် ခြေစွမ်းမရှိဟု ဝေဖန်ခံရ

မန်ယူခံစစ်အတွဲဖြစ်တဲ့ မက်ဂွဲယားနဲ့ လင်ဒီလော့ဖ်တို့ဟာ ထိပ်တန်းအဆင့်မှာ ကစားဖို့ လုံလောက်တဲ့ခြေစွမ်းမရှိကြောင်း အာဆင်နယ်တိုက်စစ်မှူးဟောင်း အီရန်ရိုက်က ဝေဖန်လိုက်ပါတယ်။ မက်ဂွဲယားနဲ့ လင်ဒီလော့ဖ်တို့ဟာ ခရစ္စတယ်ပဲလေ့စ်ကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ အမှားများခဲ့ပြီး ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။ တိုက်စစ်မှူးတစ်ဦးအနေနဲ့ဆိုရင် မက်ဂွဲယားနဲ့ လင်ဒီလော့ဖ်တို့ ဦးဆောင်ကစားနေတဲ့ ခံစစ်ပိုင်းကို ပစ်မှတ်ထားပြီး ဖြစ်နိုင်သမျှ ဖိအားပေး တိုက်စစ်ဆင်ကစားမှာဖြစ်တယ်လို့ အီရန်ရိုက်က ဝေဖန်ခဲ့တာပါ။ လူအများစုက တိုက်စစ်ပိုင်းမှာ အင်အားဖြည့်တင်းဖို့ ပြောဆိုနေကြပေမယ့် ယူနိုက်တက်အသင်းရဲ့ လက်ရှိအခြေအနေက ဗဟိုခံစစ်ပိုင်းကို ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ အီရန်ရိုက်က သုံးသပ်ပါတယ်။ သူတို့နှစ်ဦးက မန်ယူအသင်းလို ထိပ်တန်းအသင်းမှာ ကစားဖို့ လုံလောက်တဲ့စွမ်းဆောင်ရည် မရှိကြောင်းနဲ့ ဆုဖလားတွေကို စိန်ခေါ်နိုင်ချင်တယ်ဆိုရင် ခံစစ်ပိုင်းကို ပြောင်းလဲမှုလုပ်ဖို့ လိုတယ်လို့ အီရန်ရိုက်က ဝေဖန်ခဲ့ပါတယ်။

More News
Up