ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း ဆက်ရှိနေ
DVB
·
September 21, 2020
ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဒီကနေ့မွန်းလွဲပိုင်း တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနဲ့ ဆက်စပ်နေတဲ့ အိန္ဒိယနိုင်ငံ၊ ဩရိဿ ပြည်နယ်မြောက်ပိုင်းကမ်းခြေမှာ ဆက်ရှိနေတယ်လို့ မိုးဇလဌာန ထုတ်ပြန်ပါတယ်။
ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်း နေတယ်လို့လည်းဆိုပါတယ်။
ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက် အနေနဲ့ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက် မိုးကြီးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ရေပြင်လေဟာ တောင် (သို့) အနောက်တောင်ဘက်ကို တစ်နာရီပင်လယ်မိုင် (၂၅-၃၀)မိုင်၊ တခါတရံ (၄၀-၄၅)မိုင်ရှိနိုင်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးနိုင်ကာ လှိုင်းအမြင့် ၈ ပေမှ ၁၄ ပေလောက် အထိရှိနိုင်တယ်လို့ မိုးဇလထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။