ဘိုကလေးမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စု ၃၅၀၀၀ ကျော်ကို ငွေကြေးထောက်ပံ့
DVB
·
September 21, 2020
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်မှာ ပုံမှန်ဝင်ငွေမရှိတဲ့ အိမ်ထောင်စု ၃၅၀၀၀ ကျော်အတွက် တစ်အိမ်ထောင်ကို ထောက်ပံ့ငွေကျပ် ၂၀၀၀၀ နှုန်းနဲ့ ထောက်ပံ့ကြေး ပေးအပ်ခဲ့တယ်လို့ ဘိုကလေးမြို့နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
အဆိုပါထောက်ပံ့ငွေတွေကို စက်တင်ဘာ ၁၈ ရက်က စတင် ထောက်ပံ့နေတာဖြစ်ပြီး ဘိုကလေးမြို့နယ်အတွင်းက ရပ်ကွက် ၁၀ ခုနဲ့ ကျေးရွာ စုစုပေါင်း ၇၆ အုပ်စု အတွင်းမှာရှိတဲ့ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံပြည်သူ ၃၅၀၀၀ ကျော်ကို နိုင်ငံတော်ကနေ ထောက်ပံ့ခဲ့တာလို့ ဆိုပါတယ်။
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေတဲ့ ကပ်ဘေးကာလမှာ နိုင်ငံတော်ကနေ အခုလိုထောက်ပံ့တဲ့အတွက် အဆင်ပြေမှုရှိတယ်လို့ ထောက်ပံ့ကြေးရတဲ့ ဘိုကလေးမြို့ခံ တစ်ဦးက ပြောပါတယ်။
ဘိုကလေးမြို့နယ်အတွင်းမှာ အရင်ကလည်း အစိုးရက အခြေခံစားသောက်ကုန်နဲ့ ထောက်ပံ့ငွေတွေ ပေးအပ်ခဲ့ပြီး အခုတစ်ကြိမ်အပါအဝင် လေးကြိမ်မြောက် ထောက်ပံ တာလည်းဖြစ်ပါတယ်။
သတင်း - ထူးထူး