လောင်းလုံမြို့နယ်၌ မိုးသည်းထန်ပြီး ရေကြီးရေလျှံနေ
DVB
·
September 21, 2020
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့အတွက် စက်တင်ဘာ ၁၈ ရက်က စပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပါတယ်။
ကျောက်နီမော်ကျေးရွာမှာ အိမ်ခြေ ၅၀၀ ကျော် ၆၀၀ နီးပါးရှိပြီး အိမ်ခြေ ၅၀ လောက်ကရေဝင်ရောက်တာနဲ့ လှိုင်းရိုက်တာတွေကို ခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အရင်နှစ်တွေကလည်း ရေကြီးခဲ့ပေမယ့် အခုနှစ်လောက်တော့ မများဘူးလို့ ကျောက်နီမော် ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
အခုလိုရေကြီးနေတဲ့အတွက် ဒေသခံပြည်သူတွေအနေနဲ့ ဘေးလွတ်ရာ တောင်ကုန်းတွေမှာ သွားရောက်နေထိုင်ဖို့နဲ့ အရေးကြီး စာရွက်စာတမ်းတွေအပြင် တန်ဖိုးရှိတဲ့ပစ္စည်းတွေကိုလည်း စိတ်ချရတဲ့ နေရာမှာ ပြောင်းရွှေ့ထားဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေက ညွှန်ကြားထားပါတယ်။
ဒါ့အပြင် လောင်းလုံးမြို့နယ်ထဲက တခြားနေရာ အတော်များများမှာလည်း ရေကြီးမှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း ကျောက်နီမော် ကျေးရွာမှာ ရေကြီးပြီး တောင်ပြိုကျလို့ နေအိမ် ၆ လုံး ပျက်စီးခဲ့ပါတယ်။
သတင်း - ကောင်းထက်အောင် CJ