အောင်ဆွေမြတ် ငါးဖမ်းသင်္ဘော ပဲ့နင်းကို ရေလုပ်သား ၂ ဦးက ဓားဖြင့်ထိုးသတ်
DVB
·
September 21, 2020
အောင်ဆွေမြတ် ဘုံကျောင်းငါးဖမ်းသင်္ဘောက ပဲ့နင်းကို ရေလုပ်သား နှစ်ဦးက စက်တင်ဘာ ၂၀ ရက်နေ့ ညပိုင်းမှာ ဓားနဲ့ အချက်ပေါင်းများစွာ ထိုးသတ်မှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ရေလုပ်သား ၂၄ ဦးလိုက်ပါတဲ့ အောင်ဆွေမြတ် ငါးဖမ်းသင်္ဘောဟာ စက်တင်ဘာ ၂၀ ရက်နေ့ညနေ ၄ နာရီလောက်က ဖျာပုံမြစ်အတွင်း ဝင်ရောက်ကာ စံပြကျေးရွာရှိ ရေခဲစက်မှာ ရေခဲတင်ပြီး ခေတ္တနားနေစဉ် ရေလုပ်သား ဖိုးပိုင်နဲ့ ခင်မောင်လတ်တို့က ပင်လယ် ပြန်မလိုက်တော့ဘူး ပြောရာမှ ပဲနင်းဖြစ်သူ ဦးအေးမြင့်နဲ့ အချင်းများပြီး ဓားနဲ့လိုက်ထိုးလို့ ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာပါ။
ဖိုးပိုင်နဲ့ ခင်မောင်လတ်တို့ကို ဖျာပုံမြို့မ ရဲစခန်းက (ပ)၅၇၃/၂၀၊ ရာဇတ်သတ်ကြီးပုဒ်မ ၃၀၂/၁၄၄ နဲ့ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
သတင်း - ကျော်စိုးမိုး