Home
ရုပ်သံ
ချမ်းမြေ့မောင်ချိုတို့ သားအမိ သီဆိုထားသည့် “သမီးချော့တေး”သီချင်း(ရုပ်သံ)
DVB
·
September 21, 2020
       မြန်မာအိုင်ဒေါတေးသံရှင် အဆိုတော် ချမ်းမြေ့မောင်ချိုနဲ့ မိခင်ဖြစ်တဲ့ အဆိုတော် အိအိတို့ အတူသီဆိုထားခဲ့ကြတဲ့ သီချင်းသစ်တပုဒ် ထွက်ရှိလာခဲ့ပါတယ်။        “သမီးချော့တေး”လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ တေးရေး 4C က ရေး စပ်ပေးထားခဲ့တာဖြစ်ပြီး သီချင်းအသံဖမ်းသီဆိုမှုပုံရိပ်တွေ၊ မိသားစုပုံရိပ်တွေနဲ့အတူ အမှတ်ရဖွယ် မြင်ကွင်းတွေနဲ့ ရိုက်ကူးထားခဲ့တာပါ။ “ငယ်စဉ်က ကြင်နာရတဲ့ သီချင်းလေးကို… မေမေက သမီးအိပ်ချိန်မှာ အမြဲဆို… ဒီလိုနဲ့ အရွယ်ရောက်ခဲ့တဲ့ ယနေ့တိုင်အထိ… သမီးအတွက်ဆို မေမေဆိုတဲ့ အေး .. အို… အချိန်တွေအရ တိမ်တွေအလှ ငေးရသလို… အမြင်မှာက အစဉ်ထာဝရ ကလေးလေးလို … ဒီလိုနဲ့ အရွယ်ရောက်ခဲ့တဲ့ ယနေ့တိုင်အထိ… တေးချို မေမေဆိုမယ် အေး .. အို” အသက် ၂၀ အရွယ် ရှိနေပြီဖြစ်တဲ့ ချမ်းမြေ့မောင်ချိုဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ မြန် မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး နောက်ဆုံးဖိုင်နယ်အဆင့်ထိ တက် ရောက်နိုင်ခဲ့သူပါ။ ဒီပြိုင်ပွဲမှာတော့ နောက်ဆုံးအဆင့်ထိ ရောက်ရှိလာကြတဲ့ ဖြိုးမြတ်အောင်နဲ့ ချမ်းမြေ့မောင်ချို တို့ကို အပြိုင်အဆိုင် အားပေးကြတဲ့ ပရိသတ်တွေကြား လှုပ်ခတ်စေခဲ့တဲ့ ပြိုင်ပွဲတခု ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ပြိုင်ပွဲနောက်ဆုံးနေ့မှာတော့ ကျန်းမာရေးကြောင့် ချမ်းမြေ့မောင်ချိုက ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိခဲ့ပဲ Winner ဆုကို ဖြိုးမြတ်အောင်က ရရှိသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းကတော့ ချမ်းမြေ့မောင်ချိုရဲ့ တကိုယ်တော် တေး အယ်လ်ဘမ်ဖြစ်တဲ့ “Eleven” အယ်လ်ဘမ်ထွက်ရှိထားခဲ့ပြီး အဲဒီအယ်လ်ဘမ်ထဲက Loser ၊ မောင် နားလည်ပေးပါ စတဲ့ သီချင်းတွေကတော့ ပရိသတ်တွေကြား ရေပန်းစား တဲ့ သီချင်းတွေ ဖြစ်ပါတယ်။ ချမ်းမြေ့မောင်ချိုဟာ အွန်လိုင်းဂီတပလက်ဖောင်းတခုဖြစ်တဲ့ Joox Myanmar မှာ ပရိသတ်တွေ မဲပေးရွေးချယ်တဲ့ JOOX 2020 Half Year Award ဆုမှာ Loser သီချင်းနဲ့ ရေပန်းစား သီချင်းဆု၊ အနုပညာရှင်ဆု ၂ ခုလုံးမှာ ပါဝင်ရွေးချယ်ခံခဲ့ရပါတယ်။ သိပ်မကြာခင်ကလည်း မြန်မာ့ရုပ်ရှင်နှစ် ၁၀၀ ပြည့်အထိမ်းအမှတ် ဂီတဖျော်ဖြေပွဲ မှာ တခေတ်တခါက ကျော်ကြားရုပ်ရှင်ဇာတ်ဝင်တေးတပုဒ်ဖြစ်တဲ့ “မွန်တို့ဌာနီ” သီချင်းနဲ့ ပါဝင် ဖျော်ဖြေခဲ့ပါသေးတယ်။ လက်ရှိမှာတော့ မိခင်ဖြစ်သူနဲ့အတူ သီဆိုထားတဲ့ “သမီးချော့တေး”ထဲမှာ သားအ မိ ၂ ဦး ဘယ်လိုအတွဲအဖက်ညီညီ ခံစားသီဆိုထားသလဲဆိုတာတွေကို ခံစားနားဆင်နိုင်မှာ ဖြစ်ပါတယ်။ ဒီသီချင်းကိုတော့ တရက်အတွင်းဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဝင် ရောက်ကြည့်ရှုနားဆင်ကြတဲ့ အကြိမ်ရေ ၄ သိန်းနီးပါး ရှိနေခဲ့တာ ဖြစ်ပါတယ်။ “(အေး ... အို) မေမေဆိုတဲ့သီချင်း… (အေး ... အို) ကမ္ဘာမှာအသာယာဆုံး… နေအ ထွက် ရွှေခွက်တွေနဲ့ မလဲနိုင်လို့… (အေး ... အို) အိပ်ရာဝင်တေးလေး… (အေး ... အို) သ မီးအတွက် နွေးထွေးပါစေ… အိပ်မက်တွေ အမြဲလိုလှပနိုင်ဖို့… ဆိုနေမယ် .. အေး .. အို”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024