Home
မြန်မာသတင်း
ကိုဗစ်-၁၉ လူနာသစ်  ၂၇၈ ဦးတွေ့ရှိ၊ လူနာ ၃ ဦး ထပ်မံသေဆုံး
DVB
·
September 20, 2020
ဓာတ်ခွဲနမူနာ ၂,၂၀၉ ခုအား ပထမသုတ် စစ်ဆေးချက်အရ ကိုဗစ်-၁၉ လူနာသစ် ၂၇၈ ဦး တွေ့ရှိပြီး လူနာ ၃ ဦး ထပ်မံသေဆုံးတာကြောင့် သေဆုံးသူ ၉၂ ဦးနဲ့ လူနာစုစုပေါင်း ၅,၅၄၁ ဦးရှိပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ည ၈ နာရီအထိ ထုတ်ပြန်ပါတယ်။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ၁,၀၂၉ ခု၊ ဆေးသုတေသနဦးစီးဌာနက ၂၄၉ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) က ၂၉၉ ခု၊ စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးက ၆၁ ခု၊ ကျောက်ဖြူမြို့ ပြည်သူ့ဆေးရုံကြီးက ၈ ခု၊ တာချီလိတ်မြို့ ပြည်သူ့ဆေးရုံကြီးက ၁ ခု၊ မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံကြီးက ၃ ခု၊ မူဆယ်မြို့ ပြည်သူ့ဆေးရုံကြီးက ၂၃ ခု၊ မြိတ်မြို့ ပြည်သူ့ဆေးရုံကြီးက ၄ ခု၊ ထားဝယ်မြို့ ပြည်သူ့ဆေးရုံကြီးက ၂ ခု၊ ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီးက ၂ ခု၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင် ၁၀၀၀ က ၄၃ ခုနဲ့ နေပြည်တော် အမှတ် ၂ တပ်မတော်ဆေးရုံကြီး ခုတင် ၁၀၀၀ က ၄၈၅ ခု၊ စုစုပေါင်း ၂,၂၀၉)ခ အား ဒီနေ့ည စစ်ဆေးပြီးစီးခဲ့ပြီး ကိုဗစ်-၁၉ လူနာသစ် ၂၇၈ ဦး တွေ့ရှိခဲ့တာပါ။ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးမှာ ကုသနေတဲ့ ၆၄ နှစ်အရွယ် လူနာအမှတ် ၅၀၉၆၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးက ၆၉ နှစ်အရွယ် လူနာအမှတ် ၅၁၄၇ နဲ့ ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးက ၇၈ နှစ်အရွယ် လူနာအမှတ် ၅၀၅၉ စတဲ့ အမျိုးသား ၃ ဦး ထပ်မံသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ဒီနေ့ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၅,၅၄၁ ဦး၊ သေဆုံးသူ ၉၂ ဦး၊ ဓာတ်ခွဲအတည်ပြု လူနာဟောင်းတွေထဲက ဆေးရုံက ဆင်းခွင့်ပြုခဲ့ပြီးသူ ၁,၂၆၀ နဲ့  စောင့်ကြည့်လူနာအသစ် ၃၉၈ ဦးရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ကမ္ဘာတဝန်းမှာတော့ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၁ သန်းကျော်၊ သေဆုံးသူ ၉၆၀၀၀၀ ကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၂၂ သန်းကျော် ရှိပြီလို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024