ကိုဗစ်က လေထဲကနေ ကူးတယ်ဆိုတာ ဘယ်လိုမျိုးလဲ
DVB
·
September 20, 2020
ကိုဗစ်ကို လေထဲကကူးတယ်လို့ ပြောကြတဲ့အတွက် လူတော်တော်များများရဲ့ စိတ်ထဲမှာ ဘာကို တွေးသလဲဆိုတော့ လေထဲက ဗိုင်းရပ်စ်က ရှိနေတယ်။ ရှူလိုက်ရင် ကူးတော့မှာ၊Positiveထွက်တော့မှာလို့ ထင်နေကြပါတယ်။ ဒါကြောင့် တချို့က အိမ်ထဲမှာနေလည်း မထူးဘူး။ အသက်ရှူနေတော့ လေထဲကနေ ကူးမှာပဲလို့ ထင်တတ်ကြပါတယ်။ မြန်မာလို လေထဲကကူးတယ်လို့ တစ်ခွန်းထဲပြောလို့သာ ရှုပ်သွားတာပါ။ တကယ်တော့ ဒီလိုမဟုတ်ပါဘူး။
ကိုဗစ်ဘယ်လိုကူး
ကိုဗစ်ကာကွယ်ရေးနည်းလမ်းတွေဆိုတာ အကြောင်းမဲ့ထုတ်ထားတာ မဟုတ်ပါဘူး။ ကူးစက်နိုင်တဲ့ နည်းလမ်းတွေကို လိုက်ပြီး ဘယ်လိုကာကွယ်လိုက်ရင်တော့ မကူးနိုင်တော့ဘူးဆိုပြီး တွက်ချက်ထားတာပါ။ ကူးနိုင်တဲ့ပုံစံလေးတွေကို တစ်ခုချင်းစီ ကြည့်လိုက်ရအောင်။-
ထိရာက ကူးတယ်။
-
အမှုန်အမွှားတွေကတဆင့် ကူးစက်တယ်။