A d v e r t i s e m e n t With Us

 မင်နီဆိုးတားပြည်နယ်က မဲဆန္ဒရှင်များ ရွေးကောက်ပွဲကြိုတင်မဲပေး

 ၂၀၂၀ အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွက် ကြိုတင်မဲတွေကို  စက်တင်ဘာ ၁၈ ရက်မှာ မင်နီဆိုးတားပြည်နယ်က မဲဆန္ဒရှင်တွေ သွားရောက်မဲပေးခဲ့ပါတယ်။  စာတိုက်က ထည့်တဲ့မဲတွေကိုလည်း စက်တင်ဘာ ၁၈ ရက်မနက်မှာ လမ်းညွှန်ချက်တွေနဲ့ အညီ ပေးပို့ခဲ့ပြီး  တချို့ကတော့  စာတိုက်က မပေးဘဲ ကြိုတင်မဲ လာပေးခဲ့ကြတာပါ။  ကြိုတင်မဲ လာပေးသူ တဦးကလည်း နိုင်ငံသား တယောက်ရဲ့ အခွင့်အရေးကို ကျင့်သုံးရတဲ့ အတွက် ပျော်ရွှင်ပြီး သူနှစ်သက်တဲ့ ကိုယ်စားလှယ်လောင်းကို မဲပေးသွားမယ်လို့ ပြောပါတယ်။  ကြိုတင်မဲပေးသူ  နောက်တဦးကလည်း "သူတို့က အနီးအနားမှာပဲ နေထိုင်ပြီး စာတိုက်က မဲပေးမယ့်သူတွေ များမှာကို သိတယ်"လို့  ဆိုပါတယ်။  "ဒါကြောင့် စာတိုက်နဲ့ စာတိုက်ကနေ မဲပေးသူတွေ အဆင်ပြေအောင် ကိုယ်တိုင် ကြိုတင်မဲ လာထည့်တာပါ " လို့ သူက ပြောပါတယ်။  ၂၀၁၆ အမေရိကန်သမ္မတရွေးကောက်ပွဲတုန်းက မင်နီဆိုးတားပြည်နယ်မှာ  ထရမ့် ပွတ်ကာ သီကာ ရှုံးနိမ့်ခဲ့ပြီး အခုတစ်ခေါက်မှာတော့ ထရမ့်ဟာ အချိန်နဲ့ငွေအများကြီးပေးပြီး မင်နီဆိုးတား မှာ မဲဆွယ် စည်းရုံးရေးဆင်းနေတယ်လို့ ရိုက်တာက ဆိုပါတယ်။    

A d v e r t i s e m e n t With Us

More News
Up