တောင်သူလယ်သမားများ၏ အကျိုးစီးပွား ကာကွယ်ရေး ဥပဒေကြမ်း ထုတ်ပြန်
DVB
·
July 1, 2013
အစိုးရအဖွဲ့ဟာ တောင်သူလယ်သမားတွေကို ဘက်ပေါင်းစုံကနေ အကူအညီပေးမယ့် အချက်အလက်တွေပါတဲ့ “တောင်သူလယ်သမားများရဲ့အကျိုးစီးပွား ကာကွယ်ရေးဥပဒေကြမ်း” ကို အများပြည်သူ လေ့လာနိုင်အောင် ဇွန် ၃၀ ရက်နေ့က ထုတ်ပြန်ကြေညာပါတယ်။
ဒီဥပဒေကြမ်းထဲမှာ ရာသီဥတုကြောင့် သီးနှံပျက်စီးတာဖြစ်စေ၊ ကျန်းမာရေးကြောင့် အစိုးရက ဖျက်ဆီးခိုင်းတာတာမှာ ဖြစ်စေ ဆုံးရှုံးသွားတဲ့ ကောက်ပဲသီးနှံ၊ မွေးမြူရေး တိရစ္ဆာန် တွေအတွက် အကူအညီပေးဖို့၊ တောင်သူလယ်သမားတွေကို နည်းပညာပေးဖို့နဲ့ ဈေးကွက် ရှာဖွေပေးဖို့ စတဲ့ အချက်တွေ ပါဝင်တဲ့အတွက် ကောင်းမွန်တဲ့ဥပဒေကြမ်း ဖြစ်တယ်လို့ တောင်သူလယ်သမား အသင်း တာဝန်ရှိသူ ဒေါက်တာစိုးထွန်းက ဒီဗွီဘီကို ပြောပါတယ်။