ရုရှားတပ်ဖွဲ့ဝင်များနှင့် ပစ်ခတ်မှုဖြစ်ပြီးနောက် အမေရိကန်တပ်များ ဆီးရီးယားသို့ ထပ်မံစေလွှတ်

2.9K
ဆီးရီးယားနိုင်ငံအတွင်း အမေရိကန်တပ်ဖွဲ့ဝင် တချို့နဲ့ ရုရှားတပ်ဖွဲ့တွေ ထိတွေ့ပစ်ခတ်မှု ဖြစ်ပြီးနောက် စက်တင်ဘာ ၁၈ ရက်က အမေရိကန်တပ်ဖွဲ့ဝင်တွေကို ထပ်မံစေလွှတ်ခဲ့ပါတယ်။
ဆီးရီးယား အရှေ့မြောက်ပိုင်း တပ်ချထားရာမှာ ဘရက်ဒ်လေတိုက်ခိုက်ရေးယာဉ် ၆ စီးနဲ့ တပ်ဖွဲ့ဝင် ၁၀၀ ခန့် ပါဝင်တယ်လို့ အမေရိကန်အရာရှိတွေက ဆိုပါတယ်။
ဒီလိုတပ်ကူတွေ စေလွှတ်ကာက အပြန်အလှန်ပဋိပက္ခ လျှော့ချရေး လုပ်ငန်းစဉ်တွေမှာ ရုရှားတပ်ဖွဲ့ဝင်တွေအနေနဲ့ လိုက်နာဖို့နဲ့ ဆီးရီးယားအရှေ့မြောက်ပိုင်းမှာ ကျင့်ဝတ်ပျက်ပြားတဲ့၊ အန္တရာယ်မကင်းတဲ့ ရန်လိုတဲ့ လုပ်ဆောင်ချက်တွေကို ရှောင်ရှားဖို့ ရုရှားနဲ့ တခြား အဖွဲ့တွေကို ရှင်းရှင်းလင်းလင်းသတင်းပေးလိုက်တာလို့ အမည်ဖော်မထားတဲ့ အမေရိကန် အရာရှိတဦးက ပြောကြောင်း NBC သတင်းမှာ ဖော်ပြပါတယ်။
မကြာသေးခင်နှစ်တွေက ဆီးရီးယားမှာ အမေရိကန်နဲ့ ရုရှားတပ်ဖွဲ့ဝင်တွေကြား မကြာခဏ ထိပ်တိုက်တွေ့တာတွေ ရှိခဲ့ပေမယ့် မကြာသေးခင်သီတင်းပတ်တွေမှာတော့ နှစ်ဖက်အကြား ထိပ်တိုက်တွေ့တာတွေ ပိုမို ရန်လိုလာခဲ့တယ်လို့ ဘီဘီစီသတင်းက ဆိုပါတယ်။