မော်လိုက်မြို့ အရှေ့တောင်ဘက်တွင် အင်အား ၄ ဒသမ ၂ အဆင့်ရှိ မြေငလျင်လှုပ်
DVB
·
September 19, 2020
စစ်ကိုင်းတိုင်း မော်လိုက်မြို့ရဲ့ အရှေ့တောင်ဘက်မှာ အင်အား ၄ ဒသမ ၂ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၁၉ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၀) နာရီ၊ (၂၃) မိနစ်၊ (၄၀) စက္ကန့် အချိန်က မော်လိုက်မြို့ရဲ့ အရှေ့တောင်ဘက် ၁၉ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၃.၄၂ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄.၅၈ ဒီဂရီ၊ အနက် ၉၃ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၄.၂ အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။