Homeရုပ်သံ
နှင်းဆီ Unplugged ဖျော်ဖြေပွဲတွင် နေတိုးသီဆိုခဲ့သည့် ရုပ်ရှင်ဇာတ်ဝင်သီချင်း-“လရောင်ချော့တေး”(ရုပ်သံ)
နှင်းဆီ Unplugged ဖျော်ဖြေပွဲတွင် နေတိုးသီဆိုခဲ့သည့် ရုပ်ရှင်ဇာတ်ဝင်သီချင်း-“လရောင်ချော့တေး”(ရုပ်သံ)
DVB
·
September 18, 2020
“အိုအေး အိုအေးအေး… အို အေး… အိုအေး အိုအေး… အို… အိုအေး အိုအေး အေး… အို အေး… အိုအေး အိုအေး… အို… ကြယ်ရောင်စုံတောက်ပ… လမင်းကြီးက သာ… ငှက်ကလေးများလည်း… အိပ်ပျော်နေပါပြီ… ကန်ရေပြင်ကြီးလည်း… ငြိမ်သက် တိတ်ဆိတ်စွာ… မျက်လုံးမှိတ်ပြီး အိပ်ပါညီလေးရာ”
ဒါကိုကြားလိုက်တာနဲ့ ပရိသတ်တွေက သရုပ်ဆောင်နေတိုးသီဆိုထားတဲ့ ရုပ်ရှင် ဇာတ်ဝင်တေးတပုဒ်ထဲက တေးသွားစာသားတွေမှန်း သိကြပြီး ဖြစ်မှာပါ။
“လရောင်ချော့တေး”လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ တေးရေး ညီမင်းခိုင် က ရေးစပ်ပေးထားခဲ့တာဖြစ်ပြီး ၂၀၁၈ ခုနှစ် ရုံတင်ရုပ်ရှင်ကားတကားဖြစ်တဲ့ “လရောင် ဖြာတဲ့ အင်းလေးမှာ” ရုပ်ရှင်ကားထဲမှာ နေတိုးက ကိုယ်တိုင်လည်း ပါဝင်သရုပ် ဆောင်ထားပြီး ကိုယ်တိုင်သီဆိုထားခဲ့တာ ဖြစ်ပါတယ်။
ဒီရုပ်ရှင်ကားကိုတော့ ဝါဝါဝင်းရွှေရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်က ရိုက်ကူးပုံဖော်ပေးထားခဲ့ကာ နေတိုး၊ ဝါဇင်၊ ဝတ်မှုန်ရွှေရည်တို့က ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။
အင်းလေးဒေသနောက်ခံ ထူးခြားတဲ့ လျှို့ဝှက်ဒရာမာဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကားဟာ ပရိသတ်တွေကြား ရေပန်းစားခဲ့ပြီး နေတိုးကိုယ်တိုင် သီဆိုတဲ့ “လရောင်ချော့တေး” ဇာတ်ဝင်သီချင်းကလည်း နာမည်ကြီးခဲ့ပါတယ်။
“ကန်ရေပြင်ကြီးလည်း… ငြိမ်သက်တိတ်ဆိတ်စွာ… မျက်လုံးမှိတ်ပြီး အိပ်ချိန်တန် ပါပြီ… အမှောင်ဖယ်ကာလင်းလက်… ဟိုမိုးမြင့်ထက်ကနေ… လမင်းကြီးရဲ့ အရိပ်ဝယ် ခို နားမယ်… အေးမြတဲ့ လရောင်ကြယ်ရောင်များအောက်မှာ… လှပတဲ့တေးကဗျာတွေ… သီဆိုရင်းချော့သိပ်မှာ… လောကရဲ့ဥယျာဉ် မာယာများကြားမှာ… သောကများ ဘေးဖယ် ကာ ငြိမ်သက်အိပ်လိုက်ပါ”
ခုတခါမှာတော့ ဒီသီချင်းကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၇ ရက်နေ့က နှင်းဆီအဖွဲ့ သားတွေနဲ့အတူ ဖျော်ဖြေခဲ့တဲ့ Unplugged ဖျော်ဖြေပွဲမှာ နေတိုးက လိုက်ဖ်သီဆိုဖျော် ဖြေခဲ့တာပါ။
အဲဒီဖျော်ဖြေပွဲမှာတော့ နေတိုးနဲ့အတူ ကျော်ကျော်ဗို၊ မင်းမော်ကွန်း၊ ထွန်းထွန်း၊ ရဲ လေးတို့က အတူဖျော်ဖြေခဲ့ကြတာ ဖြစ်ပြီး နေတိုးကတော့ လရောင်ချော့တေးအပါအဝင် လေနှင်တိမ်၊ ချစ်ဦးမေ၊ Baby I Love You ၊ တပြည်သူမရွှေထားသီချင်းတွေနဲ့ ပရိသတ် တွေကို သီဆိုဖျော်ဖြေခဲ့တာ ဖြစ်ပါတယ်။
လတ်တလောမှာတော့ “လရောင်ချော့တေး”သီချင်းကို နေတိုးက သူ့ရဲ့ ဖေ့စ် ဘွတ်ခ်လူမှုကွန်ရက်စာပေါ်ကတဆင့် မျှဝေထားခဲ့ပြီး ရက်ပိုင်းအတွင်း ဝင်ရောက်ကြည့်ရှု နားဆင်ကြတဲ့အကြိမ်ရေ သိန်းနဲ့ချီ ရှိနေပါတယ်။