ဂရိရောက် ရွှေပြောင်းဒုက္ခသည်များတွင် ၁၃၅ ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ

ဂရိနိုင်ငံ လက်ဘို့စ်ကျွန်းပေါ် သောင်တင်နေတဲ့ ရွှေ့ပြောင်းဒုက္ခသည် ၅၀၀၀ ကျော်ထဲမှာ ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိသူ ၁၃၅ ယောက် ရှိတယ်လို့ ဂရိလူဝင်မှုကြီးကြပ်ရေးဝန်ကြီးက  စက်တင်ဘာ ၁၇ ရက်မှာ ပြောပါတယ်။  ပြီးခဲ့တဲ့သီတင်းပတ်က မိုရီယာဒုက္ခသည်စခန်း မီးအကြီးအကျယ်လောင်ခဲ့ပြီးနောက် ရွှေ့ပြောင်းဒုက္ခသည်  ၁၂,၀၀၀ ကျော် နေစရာမဲ့ဖြစ်ခဲ့ပြီး အ‌တော်များများ လမ်းဘေးတွေမှာ အိပ်စက်ခဲ့ရပါတယ်။  ဒုက္ခသည်အများစုဟာ အာဖဂန်၊ ဆီးရီးယား နဲ့ အာဖရိကနိုင်ငံတွေကဖြစ်ပြီး သူတို့မှာ နေစရာ၊ သန့်ရှင်းမှုနဲ့  ရေ၊ စားစရာ မရ ဖြစ်နေပါတယ်။  စက်တင်ဘာ ၁၇ ရက်မှာတော့  PPE ဝတ်စုံဝတ် အမျိုးသမီး ရဲဝန်ထမ်း အယောက် ၇၀ အပါအဝင် ရဲတွေက ဒုက္ခသည် ၅၀၀၀ ကျော်ကို  မက်ရိုဗူနီစခန်းသစ်ဆီ  ရွှေ့ပြောင်းပေးခဲ့ပါတယ်။ အမျိုးသားကျန်းမာရေးအဖွဲ့က ဒုက္ခသည်တွေကို ဗိုင်းရပ်စ် ရှိ၊မရှိ စစ်ဆေးပေးပြီး  ရဲဝန်ထမ်းတွေကို ကူညီပေးခဲ့တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up