မွန်ပြည်နယ်၌ ကိုဗစ်-၁၉ လူနာသစ် ၁၆ ဦး ထပ်တိုးလာပြီး ပိုးတွေ့လူနာပေါင်း ၁၁၀ ဦးရှိလာ
DVB
·
September 18, 2020
မွန်ပြည်နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁၆ ယောက် ထပ်တိုးလာတယ်လို့ မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ပါတယ်။
ကိုဗစ်-၁၉ အတည်ပြုလူနာသစ်အနေနဲ့ စက်တင်ဘာ ၁၇ ရက်ညပိုင်းမှာ ၇ ဦးနဲ့ စက်တင်ဘာ ၁၈ ရက် မနက်ပိုင်းမှာ ၉ ဦးတွေ့ရှိခဲ့ပြီး စုစုပေါင်း ၁၆ ဦး ရောဂါပိုး ထပ်မံတွေ့ရှိခဲ့တာပါ။
လက်ရှိမှာတော့ အတည်ပြုလူနာ ၇ ဦး တွေ့ရှိခဲ့တဲ့ ဘီးလင်းမြို့နယ်က အမှတ် (၂၂) တာယာစက်ရုံကို အသွားအလာကန့်သတ်တဲ့နေရာအဖြစ် သတ်မှတ်ပြီး lockdown လုပ်ထား ပါတယ်။
ဒါ့အပြင် မွန်ပြည်နယ်မှာ ရောဂါပိုးတွေ့ရှိသူ နေ့စဉ်နဲ့အမျှ တိုးလာတဲ့အတွက် ဘီးလင်း၊ မော်လမြိုင်နဲ့ သထုံမြို့က လမ်းတချို့ကို lockdown လုပ်ထားတာပါ။
မွန်ပြည်နယ်မှာ စက်တင်ဘာ ၁၈ ရက်နေ့လယ်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၁၀ ဦးအထိ ရှိလာခဲ့တာဖြစ်ပြီး အဲဒီထဲမှာ သေဆုံးသူ ၁ ဦးရှိပါတယ်။
သတင်း- ဇော်လွင်ထွဋ်