နိုင်ငံတကာအသိအမှတ်ပြု လစ်ဗျားဝန်ကြီးချုပ် ရာထူးကနုတ်ထွက်မည်ဟုကြေညာ

လစ်ဗျားရဲ့ နိုင်ငံတကာအသိမှတ်ပြုဝန်ကြီးချုပ် ဖားယက်စ် အယ်ဆာရက်ချ်က အောက်တိုဘာလကုန်မှာ ရာထူးကဆင်းဖို့ ရည်ရွယ်ထားတယ်လို့ စက်တင်ဘာ ၁၆ ရက်မှာ  နိုင်ငံပိုင်ရုပ်သံကနေ  မိန့်ခွန်းပြောကြားခဲ့ပါတယ်။  ဝန်ကြီးချုပ် ဆာရက်ချ်ဟာ ထရီပိုလီအခြေစိုက် လစ်ဗျားအစိုးရအဖွဲ့အကြီးအကဲဖြစ်ပြီး လစ်ဗျားအရှေ့ပိုင်းနဲ့တောင်ပိုင်း နေရာအများစုကို ပြိုင်ဘက်အစိုးရက ထိန်းချုပ်ထားပါတယ်။  သူဟာ ကုလကျောထောက်နောက်ခံပြု နိုင်ငံရေးသဘောတူညီချက်အရ ၂၀၁၅ မှာ ဖွဲ့စည်းခဲ့ တဲ့ GNA အစိုးရကို  ဦးဆောင်လာခဲ့တာပါ။  ၂၀၁၁ ခုနှစ်က လစ်ဗျားမှာ အာဏာရှင် ကဒါဖီအစိုးရ ဖြုတ်ချခံရပြီးနောက်ပိုင်း နိုင်ငံ စည်းလုံးရေးနဲ့ တည်ငြိမ်ရေး ရည်ရွယ်ချက်နဲ့  GNA အစိုးရကို ဖွဲ့စည်းခဲ့တာပါ။  GNA  အစိုးရအဖွဲ့ဝန်ကြီးချုပ်  ဆာရက်ချ် နုတ်ထွက်မှုဟာ ထရီပိုလီမှာ နိုင်ငံရေး မသေချာ မရေရာမှုကို တိုးပွားစေပြီး လစ်ဗျားအနောက်ပိုင်းကို လွှမ်းမိုးတဲ့ ပြိုင်ဘက်လက်နက်ကိုင် အဖွဲ့တွေကြား တိုက်ပွဲတွေ ပိုဖြစ်လာစေနိုင်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

More News
Up