Home
မြန်မာသတင်း
Music Zone လူနာနှင့်ထိတွေ့ခဲ့သူ နတ်မောက်က ၁ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ
DVB
·
September 17, 2020
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်မှာ သင်္ဃန်းကျွန်းမြို့နယ် Music Zone KTV က အလုပ်လုပ်ပြီး ပြန်လာတဲ့ အတည်ပြုလူနာတွေနဲ့ ကားအတူစီးလာတဲ့ အမျိုးသားတစ်ဦးမှာ စက်တင်ဘာ ၁၆ ရက်နေ့ညပိုင်းက ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ အသက် ၃၂ နှစ်အရွယ် အမျိုးသားတဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တာလို့ မကွေးတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက ပြောပါတယ်။ "နတ်မောက်မြို့နယ်မှာ စက်တင်ဘာ ၁၀ ရက်နေ့က Music Zone KTV မှာအလုပ်လုပ်ပြီး ပြန်လာတဲ့ အမျိုးသား ၂ ဦး၊ စက်တင်ဘာလ ၁၂ ရက်နေ့မှာလည်း Music Zone ပြန်အမျိုးသား ၁ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပြီးတော့ သူတို့နဲ့အတူကားစီးလာတဲ့ ရန်ကုန်ပြန် အမျိုးသား ၁ ဦးမှာ ရောဂါပိုးတွေ့ရှိခဲ့ပြီး နတ်မောက်မြို့ရဲ့ စတုတ္ထမြောက်လူနာဖြစ်တယ်” လို့ ပြောပါတယ်။ လူနာကို မကွေးမြို့ သင်ကြားရေး ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်မှာ ကုသပေးမှာဖြစ်ပြီး သူနဲ့ ဆက်စပ်ခဲ့တဲ့သူတွေကိုလည်း နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်တွေရယူပြီး ဓာတ်ခွဲနမူနာပေးပို့ စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။ မကွေးတိုင်းအတွင်းက မြို့နယ် ၇ မြို့နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၃ ဦးတွေ့ရှိခဲ့ပြီး ၃ ဦးရောဂါပိုးကင်းစင်၊ ၁ ဦးဆေးရုံဆင်းခွင့်ရရှိပြီး ၉ ဦးကတော့ ဆေးဝါးကုသမှုခံယူနေတယ်လို့ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။ သတင်း-မင်းထီး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024