A d v e r t i s e m e n t With Us

ဂါရတ်ဘေးလ်ကို ပြန်လည်ခေါ်ယူရန် စပါးအသင်း ကြိုးပမ်း

စပါးအသင်းဟာ ရီးရဲလ်မက်ဒရစ် တောင်ပံကစားသမား ဂါရတ်ဘေးလ်ကို ပြန်လည်ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ သတင်းထွက်ပေါ်လာပါတယ်။  စပါးအသင်းဥက္ကဋ္ဌ လီဗိုင်းဟာ ဂါရတ်ဘေးလ်ကို ပြန်လည်ခေါ်ယူဖို့အတွက် ကြိုးပမ်းခဲ့ပြီး အပြီးသတ်ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်နေပြီ ဖြစ်တယ်လို့ ဆိုပါတယ်။  ဂါရတ်ဘေးလ်ဟာ တစ်ပတ်လုပ်ခပေါင် ၅ သိန်းအထိ ရရှိနေတာကြောင့် သူ့ကို ခေါ်ယူမယ့် အသင်းတွေအတွက် လုပ်ခအခက်အခဲ ရှိနေတာပါ။  ဂါရတ်ဘေးလ်ရဲ့ လုပ်ခ ၅၀ ရာခိုင်နှုန်းလောက်ကို ရီးရဲလ်မက်ဒရစ်အသင်းက ဆက်လက်ပေးချေဖို့ သဘောတူညီထားပြီး လက်ကျန် ၅၀ ရာခိုင်နှုန်းကို စပါးအသင်းက ပေးချေပြီး ခေါ်ယူနိုင်ဖို့ နီးစပ်နေတာဖြစ်တယ်လို့ သိရပါတယ်။ ဘေးလ်ရဲ့ အေးဂျင့်ဖြစ်သူ ဂျိုနသန်ဘန်းနက်ကလည်း သူ့ကစားသမားဟာ စပါးအသင်းကို ချစ်မြတ်နိုးဆဲဖြစ်ပြီး ပြန်လည်ပြောင်းရွှေ့နိုင်ကြောင်း ပြောခဲ့ဖူးပါတယ်။ စပါးအသင်းဟာ ဆီဗီလာမှာ အငှားထွက်ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ် နောက်ခံလူ ရက်ဂီလွန်ကိုလည်း မန်ယူအသင်းနဲ့အပြိုင် ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up