အာဆင်နယ် ဂန္ထဝင်ကစားသမားတစ်ဦး ဖြစ်ချင်ဟု အူဘာမီယန်း ပြော

အာဆင်နယ်အသင်းရဲ့ ဂန္ထဝင်ကစားသမားတစ်ဦး ဖြစ်ချင်တာကြောင့် စာချုပ် သက်တမ်းတိုးခဲ့တာဖြစ်တယ်လို့ အသင်းခေါင်းဆောင် အူဘာမီယန်းက ပြောပါတယ်။  အသက် ၃၁ နှစ်ရှိ တိုက်စစ်မှူး အူဘာမီယန်းဟာ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့တာကြောင့် အနာဂတ်မတည်မငြိမ် ဖြစ်ခဲ့ပေမယ့်လည်း လက်ရှိအချိန်မှာတော့ ၂၀၂၃ ခုနှစ်အထိ သက်တမ်းတိုးခဲ့တာပါ။ စာချုပ်သစ်အရ တစ်ပတ်လုပ်ခ ပေါင် ၃ သိန်းကျော်အထိ ရရှိနိုင်တယ်လို့ သိရပါတယ်။ အသင်းရဲ့ ဂန္ထဝင်ကစားသမားတစ်ဦး ဖြစ်ဖို့ဆိုရင် လုပ်ဆောင်မှုတွေ အများကြီးပြသဖို့ လိုအပ်တာမှန်ပေမယ့် အကောင်းဆုံး ကြိုးစားသွားမယ်လို့ အူဘာမီယန်းက ပြောပါတယ်။ အွန်နရီ၊ အီရန်ရိုက်နဲ့ ဘားကမ့်တို့လို  ဂန္ထဝင်ကစားသမားတစ်ဦး ဖြစ်ချင်တယ်လို့လည်း အသင်းရဲ့ အင်စတာဂရမ်အကောင့်ကနေ အူဘာမီယန်းက တိုက်ရိုက် Live ပြောခဲ့တာ ဖြစ်ပါတယ်။ အူဘာမီယန်းဟာ ၂၀၁၈ ခုနှစ် ဇန်နဝါရီအပြောင်းအရွှေ့က ဒေါ့မွန်ကနေ ပြောင်းရွှေ့လာခဲ့တာပါ။ စုစုပေါင်း ၁၁၁ ပွဲ ကစားထားရာမှာ ၇၂ ဂိုး သွင်းယူထားပြီး သွင်းဂိုး ၅၀ ကို အမြန်ဆုံးသွင်းယူနိုင်တဲ့ အာဆင်နယ် ကစားသမားအဖြစ်လည်း မှတ်တမ်းတင်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up