A d v e r t i s e m e n t With Us

အခြေခံလူ့အခွင့်အရေးလိုက်နာရန် တူရကီကို အီးယူသံတမန် တိုက်တွန်း

FILE PHOTO: Josep Borrell, EU High Representative for Foreign Affairs and Security Policy, holds a joint news conference with German Defence Minister Annegret Kramp-Karrenbauer after a meeting with the European Union's defence ministers, in Berlin, Germany, August 26, 2020. REUTERS/Axel Schmidt/Pool
ဥရောပသမဂ္ဂ အီးယူနဲ့ တူရကီ ဆက်ဆံရေးဟာ အချိုးအကွေ့တစ်ခုကို ရောက်နေတယ်လို့ အီးယူ ထိပ်တန်းသံတမန်က  စက်တင်ဘာ ၁၅ ရက်မှာ ပြောပါတယ်။  မြေထဲပင်လယ်အရှေ့ပိုင်းမှာ  ဖြစ်နေတဲ့ ပဋိပက္ခကနေ နောက်ဆုတ်ဖို့နဲ့ နိုင်ငံအတွင်း အခြေခံလူ့အခွင့်အရေးကို လိုက်နာဖို့ အီးယူသံတမန်က တူရကီအစိုးရကို တိုက်တွန်းလိုက်ပါတယ်။ တူရကီအရေးနဲ့ပတ်သက်ပြီး အီးယူခေါင်းဆောင်တွေက လာမယ့်သီတင်းပတ်မှာ  တွေ့ဆုံ ဆွေးနွေးဖို့ရှိ ရှိပါတယ်။ မြေထဲပင်လယ်အတွင်း သဘာဝဓာတ်ငွေ့သိုက် အလားအလာရှိရာ နေရာပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ဂရိ၊ ဆိုက်ပရပ်စ်နိုင်ငံတို့နဲ့ တူရကီအကြား တင်းမာမှုတွေ မြင့်တက်နေတယ်လို့ ရိုက်တာက ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up