ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ် ၂၈၄ ဦးတွင် ရန်ကုန်က ၂၁၂ ဦးပါဝင်
ညီငယ်
·
September 15, 2020
စက်တင်ဘာလ ၁၄ ရက်နေ့အတွက် ဓာတ်ခွဲနမူနာ ၄၄၅၀ကျော်ကို နှစ်သုတ်ခွဲစစ်ဆေးရာမှာ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၂၈၄ ယောက်တွေ့ရှိခဲ့ပြီး ဒီအထဲမှာ ရန်ကုန်က ၂၁၂ ယောက်ပါဝင်ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၈၄ ယောက်စာရင်းမှာ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်က ၄၄ ယောက်နဲ့ အများဆုံးတွေ့ထားပါတယ်။
ရန်ကုန်က ပိုးတွေ့ လူနာ ၂၁၂ ယောက်ကို မြို့နယ်ပေါင်း ၃၄ မြို့နယ်တွေ့ရတာဖြစ်ပြီး အဲဒီအထဲက သင်္ဃန်းကျွန်းမြို့နယ်ကတော့ ရန်ကုန်ပိုးတွေ့လူ စာရင်းမှာ ၁၆ ယောက်နဲ့ အများဆုံး ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စက်တင်ဘာ ၁၅ ရက် မနက်အထိ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၃,၂၉၉ ဦး ရှိပြီး ၃၂ ယောက် သေဆုံးခဲ့ပါတယ်။