Home
မြန်မာသတင်း
မန္တလေးတွင် ခုတင် ၃၀၀ ဆံ့ ဆေးရုံထပ်တိုးရန် ပြင်ဆင်
DVB
·
September 13, 2020
မန္တလေးမှာ လက်ရှိ ကိုဗစ်၁၉ ကူးစက်ခံရတဲ့ လူနာတွေကို ထားရှိတဲ့ ကန်တော်နဒီ ဆေးရုံအပြင် ကုတင် ၃၀၀ ဆံ့ သင်ကြားရေး ဆေးရုံကို လိုအပ်ရင် အသုံးပြုနိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဆေးရုံမှာ လိုအပ်တာတွေ ဖြည့်ဆည်းပေးဖို့အတွက် Volunteer တွေ ပါဝင်နိုင်ဖို့ကိုလည်း ဆောင်ရွက်သွားမယ်လို့ မန္တလေးတိုင်းဝန်ကြီးချုပ်ရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ ရေးသားထားပါတယ်။  မန်းမြန်မာပလာဇာက ပိုးတွေ့လူနာ ၆ ဦးအထိ ရှိခဲ့ပြီး မန်းမြန်မာပလာဇာ အပါအဝင် ဈေးချို၊ တိုက်တန်းကြီး၊ ဈေးချိုပလာဇာ၊ ရတနာပုံဈေးနဲ့ အမရပူရ နန်းရတနာ ကပ်ကျော်ဈေးတွေကို ပစ္စည်းတွေသိမ်းခိုင်းပြီး လူစုလူဝေးဖြစ်စေတဲ့ နေရာတွေဖြစ်တဲ့အတွက် စက်တင်တာ ၁၃ ရက်နေ့ကစပြီး ယာယီပိတ်ခိုင်းသွားမယ်လို့ မန္တလေးတိုင်းဒေသကြီး မြို့တော်ဝန်ကလည်း ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်ကတဆင့် ပြောကြားထားပါတယ်။  ကိုဗစ် ဒုတိယလှိုင်းမှာ မန္တလေးတိုင်းဒေသအကြီးအတွင်း မနေ့ကအထိ ပိုးတွေ့လူနာ ၈၈ ယောက် ရှိပြီလို့ ဆိုပါတယ်။ ခင်ပြည့်စုံဝင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024