ချောက်မြို့နယ်တွင် မိုးခေါင်သဖြင့် နှမ်းနှင့် မြေပဲစိုက်ဧက ၁၃၀၀၀ ခန့် ပျက်စီး
DVB
·
September 12, 2020
မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်မှာ မိုးခေါင်တာကြောင့် နှမ်းနဲ့ မြေပဲခင်းဧက ၁၃၀၀၀ လောက် ထိခိုက်ပျက်စီးခဲ့တယ်လို့ မြို့နယ် မြေစာရင်းဦးစီးဌာနက ပြောပါတယ်။
ချောက်မြို့နယ် မြေစာရင်းဦးစီးဌာန ဒုဦးစီးမှူး ဦးမြတ်ထွန်းအောင်က “ချောက်မြို့နယ်ထဲမှာ မိုးဦးမိုးရွာချိန်နောက်ကျလို့ ထိခိုက်ပျက်စီးစာရင်းအရဆိုရင် မိုးသီးနှံအားလုံး ၁၂၉၉၈ ဧကရှိတယ်။ အဲဒီအထဲမှာ နှမ်းက ၁၂၀၅၀ ဧက၊ မြေပဲ ၂၆၄ ဧကနဲ့ ပဲတီစိမ်းက ၆၈၄ ဧက ရှိပါတယ်” လို့ ပြောပါတယ်။
မြေပဲ ၁ ဧကကို တစ်တင်းခွဲမှ နှစ်တင်း ပျိုးကြဲကြပြီး မျိုးပဲတစ်တင်းကို ၆ သောင်းမှ ၆ သောင်းခွဲဝန်းကျင်အထိ အရင်းရှိကာ ၁ ဧက ကုန်ကျစရိတ် ၁၃၀၀၀၀ ကျပ်ဝန်းကျင်အထိ ရှိတယ်လို့ ဆိုပါတယ်။
ချောက်မြို့နယ်နဲ့ ရေနံချောင်းမြို့နယ်တွေမှာ နှမ်းနဲ့မြေပဲကို အဓိက အများဆုံးစိုက်ပျိုးကြပြီး အခုနှစ်အတွင်း မိုးခေါင်တာကြောင့် နှမ်းနဲ့ မြေပဲ ပျပ်စီးဆုံးရှုံးနေတယ်လို့ ဂွေးပင်ကျေးရွာ တောက်သူတဦးက ပြောပါတယ်။
“နှမ်းကလည်း ရှေ့ကစိုက်တာ နှစ်ကြိမ်ပျက်တယ်။ ပထမတစ်ကြိမ် စိုက်တာ ပျက်လို့ ဒုတိယအကြိမ် ထပ်စိုက်တာလည်း ပျက်တာပဲ။ အခုမြေပဲကို မိုးဦးမှာ ပြောင်းကြဲတာလည်း ပျက်တယ်၊ မိုးရွာလာလို့ အပင်ရှင်ပေမဲ့ မြေပဲမရနိုင်တော့ဘူး။”
ကိုလင်း(ချောက်)