အမေရိကန်ရွေးကောက်ပွဲမတိုင်မီ သတင်းမှားများ တင်းကြပ်မည်ဟု ဂူဂယ်နှင့်တွစ်တာ ပြော

2K
လာမယ့်အမေရိကန်သမ္မတ ရွေးကောက်ပွဲမတိုင်ခင် အွန်လိုင်းသတင်းမှားတွေကို တင်ကြပ်သွားမယ်လို့ ဂူဂယ်နဲ့တွစ်တာ ဆိုရှယ်မီဒီယာကုမ္ပဏီတွေက ပြောဆိုလိုက်ပါတယ်။
စက်တင်ဘာ ၁၁ ရက် ဘီဘီစီသတင်းဖော်ပြချက်အရ ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ မမှန်ကန်တဲ့ တွစ်တာပို့စ်တွေကို မမှန်ကန်ကြောင်း တံဆိပ်တပ်ပြီး ဖယ်ရှားသွားမယ်လို့ တွစ်တာကုမ္ပဏီက ဆိုပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲ အနိုင်ရတယ်ဆိုပြီး စောစောစီးစီး တက်နေတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ မဲဆန္ဒရှင်တွေ အလိမ်မခံရအောင် အလိုလို ဖြည့်ပေးတဲ့ မဲရလဒ်တွေကို စိစစ် သွားမယ်လို့လည်း ဂူဂယ်ကုမ္ပဏီက ပြောခဲ့ပါတယ်။
ရွေးကောက်ပွဲရလဒ်နဲ့ပတ်သက်လို့ ဂူဂယ်မှာ ရှာဖွေရင် မမှန်ကန်တဲ့သတင်းတွေ ပေါ်လာ မှာ မဟုတ်ဘူးလို့လည်း ကုမ္ပဏီက စက်တင်ဘာ ၁၀ ရက်မှာ ပြောဆိုပါတယ်။
စိုးရိမ်စရာတခုကတော့ ကိုဗစ်-၁၉ ကြောင့် စာတိုက်ကနေ ကျယ်ကျယ်ပြန့်ပြန့် မဲထည့်ကြမှာဖြစ်တာကြောင့် မဲရေတွက်ရာမှာ တော်တော်ကြန့်ကြာနိုင်ပါတယ်။
ဒီလိုစာတိုက်ကနေ မဲထည့်တာက သတင်းမှားတွေ ပေါ်ပေါက်စေမှာကို ကျွမ်းကျင်သူတွေ က စိုးရိမ်နေတယ်လို့ ဘီဘီစီသတင်းက ဖော်ပြပါတယ်။