အီတလီဝန်ကြီးချုပ်ဟောင်း ထောင်ဒဏ် ၇ နှစ် ချမှတ်ခံရ

5.5K
အီတလီဝန်ကြီးချုပ်ဟောင်း ဘာလူစကိုနီဟာ အသက်မပြည့်တဲ့ ပြည့်တန်ဆာနဲ့ ငွေပေးပြီး ပျော်ပါးခဲ့တဲ့ အထောက်အထားတွေ့ရတယ်ဆိုပြီး ဇွန် ၂၅ ရက်နေ့မှာ တရားရုံးက ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်ပါတယ်။
ဘာလူစကိုနီဟာ သူ့ရဲ့အိမ်တော်မှာ လိင်ပါတီပွဲတခုကျင်းပခဲ့စဉ်က အရွယ်မရောက်သေးတဲ့ ဖော်ချွတ်ကချေသည်လေး ရူဘီကို ငွေပေးပြီး ပျော်ပါးခဲ့တာလို့ ဆိုပါတယ်။
ဒါ့အပြင် ပြည့်တန်ဆာမလေး ရူဘီဟာ ခိုးမှုနဲ့ အဖမ်းခံနေခဲ့ရစဉ်က ၀န်ကြီးချုပ် အရှိန်အ၀ါ သုံးပြီး ရဲလက်က လွတ်အောင် လုပ်ပေးခဲ့ဖူးတဲ့အတွက် အများပြည်သူဆိုင်ရာ လုပ်ငန်းများ လုပ်ခွင့်မရှိ ဆိုတဲ့ အပြစ်ဒဏ်ကိုလည်း တရားရုံးက ထပ်မံချမှတ်လိုက်ပါသေးတယ်။
ဘာလူစကိုနီအနေနဲ့ အယူခံဝင်ခွင့် ရှိနေသေးတဲ့အတွက် ဒီပြစ်ဒဏ်တွေကို ချက်ချင်း ကျခံစရာ မလိုသေးဘူးလို့ သိရပါတယ်။အသက် ၇၆ နှစ်အရွယ် ဘာလူစကိုနီဟာ မီဒီယာစီးပွားရေးလုပ်ငန်းရှင်ကြီး ဖြစ်ပြီး အီတလီနိုင်ငံရဲ့ ၀န်ကြီးချုပ်အဖြစ် သုံးကြိမ် တိုင်တိုင် တာဝန်ယူခဲ့ဖူးပါတယ်။