မော်လမြိုင်တွင် ကိုဗစ် လူနာအသစ် ၄ ဦး ထပ်တွေ့
DVB
·
September 10, 2020
မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ ကိုဗစ်လူနာအသစ် ၄ ဦး ထပ်တွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက စက်တင်ဘာ ၉ ရက်နေ့ ညပိုင်း ထုတ်ပြန်လိုက်ပါတယ်။
အသစ်ထပ်တွေ့တဲ့ ကိုဗစ်လူနာ ၄ ဦးမှာ ၃ ဦးဟာ ရန်ကုန်မြို့နေ သင်္ဘောသား ၁ ဦးဖြစ်တဲ့ ကိုဗစ်လူနာအမှတ် ၇၇၁ ကနေ ကူးစက်ခံထားရတဲ့ ကိုဗစ်လူနာအမှတ် ၉၁၆ ကတဆင့် ကူးစက်ခံခဲ့ရသူတွေ ဖြစ်ပါတယ်။
သူတို့ ၃ ဦးဟာ မော်လမြိုင် အောက်ကျင်းရပ်ကွက်နေသူတွေ ဖြစ်ပြီး မော်လမြိုင် တက္ကသိုလ် ၁၀ မြို့နယ် အဆောင်မှာ အသွားအလာကန့်သတ်ထားတာပါ။
အသစ်ထပ်တွေ့တဲ့ လူနာ ၄ ဦးမှာ ကျန် ၁ ဦးကတော့ မော်လမြိုင်က သေဆုံးသွားတဲ့ ကိုဗစ်လူနာအမှတ် ၁၆၂၉ ရဲ့ နေအိမ် အပေါ်ထပ်နေသူ ဖြစ်ပါတယ်။
လက်ရှိမှာတော့ သူနဲ့ထိတွေ့ခဲ့တဲ့သူတွေကို contact လိုက်ပြီး quarantine ကို ပို့ဆောင်နေတာပါ။ မွန်ပြည်နယ်မှာတော့ အခုအခါ ကိုဗစ်လူနာ ၂၁ ဦးအထိ ရှိလာခဲ့ပြီး အဲဒီထဲမှာ ၁ ဦး သေဆုံးထားတာပါ။