Home
မြန်မာသတင်း
PPE ဝတ်စုံ၊ စားနပ်ရိက္ခာနှင့် အားဆေးများ Clean Yangon အဖွဲ့မှတဆင့် လှူဒါန်းနိုင်
DVB
·
September 10, 2020
လူမှုပရဟိတ အဖွဲ့တဖွဲ့ဖြစ်တဲ့ Clean Yangon အဖွဲ့က လတ်တလော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလမှာ လိုအပ်နေတဲ့ PPE ဝတ်စုံ၊ စားနပ်ရိက္ခာနဲ့ အားဆေးစတာတွေကို အဖွဲ့ကနေတဆင့် စေတနာရှင် ပြည်သူတွေ လှူဒါန်းနိုင်ဖို့ ဖိတ်ခေါ် ထားပါတယ်။ ဒီအလှူကိုတော့ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ခုခံကာကွယ်ရေးလုပ်ငန်းတွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းတွေနဲ့ ကိုဗစ်-၁၉ ကြောင့် ထိခိုက်ခဲ့ရတဲ့ အများပြည်သူတွေအတွက် စေတနာရှင်တွေနဲ့ ပူးပေါင်း ထောက်ပံ့ကူညီသွားမယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ Clean Yaogon ကတဆင့် လှူဒါန်းလိုတဲ့ အလှူရှင်တွေအနေနဲ့ ​Surgical Mask, N95 Mask, Surgical Grown, PPE အစရှိတဲ့ ပစ္စည်းတွေဖြစ်စေ၊ ငွေသားဖြစ်စေ ကူညီလှူဒါန်းပေးနိုင်ကြောင်းနဲ့ 3M တံဆိပ် PPE တစုံ - ၁၈,၀၀၀ ကျပ် ၊ စားနပ်ရိက္ခာထုပ်တစ်ထုပ် - ၁၅,၀၀၀ ကျပ်နဲ့ Enervon-C အားဆေးတစ်ဗူး - ၂၀,၀၀၀ ကျပ်နှုန်းနဲ့လည်း လှူဒါန်းနိုင်တယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024