သီပေါမြို့၌ မြင်းခြံကပြန်လာသည့် ဈေးသည် ၁ ဦး ဖျားနာသဖြင့် အသွားအလာကန့်သတ်ထား
DVB
·
September 9, 2020
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့က ဈေးသည်အမျိုးသမီးတဦးဟာ မြင်းခြံကို သြဂုတ် ၂၄ ရက်က သွားရောက်ခဲ့ပြီး သြဂုတ် ၂၆ ရက်မှာ ပြန်ရောက်လာပြီး စက်တင်ဘာ ၈ ရက်နေ့က ဖျားနာတာကြောင့် ရွှေကျောင်းရိပ်သာမှာ အသွားအလာ ကန့်သတ်ထားတယ်လို့ ပန်းထိမ်တောင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
သူဟာ မြင်းခြံက ကိုဗစ်-၁၉ ပိုးတွေ့လူနာ ရှေ့နေတဦးနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပြီး နှာခေါင်းနဲ့ အာခေါင်တို့ဖတ် ဓာတ်ခွဲနမူနာယူ ဆေးစစ်ထားပြီး မနက်ဖန် အဖြေသိရမယ်လို့ ပန်းထိမ်တောင်ရပ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
လက်ရှိမှာတော့ သီပေါမြို့ ပန်းထိမ်တောင်ရပ် နယ်မြေ ၁ ရှိသူရဲ့ နေအိမ်ကို သူမနေအိမ်ကို အသွားအလာ ကန့်သတ်ထားတယ်လို့ သိရပါတယ်။