Home
ရင်ဖွင့်စာ/ပေးစာ
ဧရာဝတီမြစ်ရေ မညစ်နွမ်းအောင် တားဆီးပေးပါ
DVB
·
June 24, 2013
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့ဟာ ဧရာဝတီမြစ်ရေကိုသောက်၊ ဧရာဝတီကို ကျေးဇူးရှိတဲ့ မြို့တမြို့ပါ။ အဓိကပြောချင်တာက မြစ်ရေ ညစ်နွမ်းမှုပါ။ အမှတ် ၁ ရပ်ကွက်က မြို့နယ်ပြည်သူ့ဆေးရုံအနီးမှာ သင်္ဘောကြီးတွေ၊ လှေနဲ့ မော်တော်တွေ ဆိုက်ကပ်နိုင်တဲ့ ဘောတံတားဆိပ် ရှိပါတယ်။ အဲဒီ ဘောတံတားကို အားကိုးအားထားပြုပြီး ရေချိုး၊ ရေသောက်ပြုကြရပါတယ်။ အနီးနားက ဈေဆိုင်တွေဟာလည်း ဒီရေကိုပဲ အားကိုးအားထား ပြုကြရပါတယ်။ ဒါပေမယ့် မြို့နေ စည်းကမ်းမဲ့သူ၊ အမှိုက်ပစ်သူအချို့နဲ့ ဆေးရုံမှ လူနာအ၀တ်လျှော်သူ များကြောင့် မြစ်ရေ ညစ်နွမ်းမှု ဖြစ်နေရပါတယ်။ မြို့နယ်စည်ပင်သာယာဈေးဆိုရင်လည်း မြစ်ကမ်းနံဘေးမှာပါပဲ စည်းကမ်းမဲ့သူ ဈေးသူဈေးသားတွေကြောင့် မြစ်ရေအတွင်း အမှိုက်စွန့်ပစ်မူဟာ ပိုမိုကြီးထွားလာပါတယ်။ ဒါကြောင့် စည်းကမ်းမဲ့ အ၀တ်လျှော်၊ အမှိုက်စွန့်ပစ်မှုတွေကို ထိထိရောက်ရောက် အရေးယူပေးပါဖို့ တင်ပြလိုက်ရပါတယ်။ လွန်ဆေးမောင်မောင် (မြန်အောင်မြို့)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024