ရခိုင်ပြည်နယ်အစိုးရအဖွဲ့အား အယုံအကြည်မရှိကြောင်း ဆန္ဒပြသူ ၃ ဦးဖမ်းဆီးခံရ
DVB
·
September 9, 2020
ရခိုင်ပြည်နယ်အစိုးရအဖွဲ့အား အယုံအကြည်မရှိကြောင်းအပါအဝင် အချက် ၅ ချက်ကို စက်တင်ဘာလ ၉ ရက် ဒီနေ့မနက်က စစ်တွေမြို့ရှိ ပြည်နယ်အစိုးရရုံးရှေ့မှာ ရခိုင်ပြည်ကျောင်းသားသမဂ္ဂက တောင်းဆိုဆန္ဒပြပါတယ်။
အဆိုပါဆန္ဒပြပွဲကို ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ဥက္ကဋ္ဌက ကိုတိုးတိုးအောင် ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေးနဲ့ ဦးသန်းနိုင်တို့ကပြုလုပ်ခဲ့တာဖြစ်ပြီး ''4G အင်တာနက်ပြန်ဖွင့်ပေးရေး'' ''No Bloody Government '' ''No Murder Army'' ''ပြည်နယ်အစိုးရအား အယုံအကြည်မရှိ'' ဖက်ဆစ်လူသတ်ဝါဒ ဆန့်ကျင်ကြ'' စတဲ့ အချက်တွေကို တောင်းဆိုခဲ့ကြပါတယ်။
ပြည်နယ်အစိုးရရုံးရှေ့မှာ ဆန္ဒပြနေစဉ် ရဲတပ်ဖွဲ့ဝင်တွေက ဆန္ဒပြသူ ၃ ဦးကို ကားနဲ့ ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
Photo - Morn Hteet / MPA