ကြံ့ခိုင်ရေးပါတီ အင်အား ၃ သန်းရှိဟုဆို
DVB
·
June 24, 2013
ဇွန်လ ၂၂ ရက်နေ့က စပြီး ကျင်းပတဲ့ ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီ အစည်းအဝေးအတွင်း သက်ဆိုင်ရာ ပြည်နယ်နဲ့တိုင်း ပါတီ တာဝန်ရှိသူတွေက ပါတီလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်မှုတွေနဲ့ ပါတီဝင် အင်အားစာရင်း တင်ပြခဲ့ကြရာမှာ စာရင်းအားလုံး စုစုပေါင်းလိုက်ရင် ကြံ့ခိုင်ရေးပါတီဝင် စုစုပေါင်း ၃ သန်းရှိတယ်လို့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးလှဆွေက ဒီဗွီဘီကို ပြောပါတယ်။
ဒါပေမယ့် ဒီစာရင်းနဲ့ ပါတ်သက်ပြီး ကြံ့ခိုင်ရေးပါတီက အသေးစိတ် ထုတ်ပြန်တာမျိုးတော့ မရှိပါဘူး။ အစည်းအဝေး ဒုတိယနေ့မှာတော့ သံအမတ်ကြီးဟောင်းတွေ၊ ပညာရှင်တွေက နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ ဖက်ဒရယ် စနစ်အကြောင်းတွေ၊ အချိုးကျကိုယ်စားပြု (ပီအာရ်) စနစ်အကြောင်းတွေ ရှင်းလင်း ပြောပြခဲ့ကြပြီး ကြံ့ခိုင်ရေးပါတီရဲ့ သဘောထားအတွက် တစုံတရာ ဆွေးနွေးဆုံးဖြတ်တာမျိုးတော့ မရှိဘူးလို့ ဦးလှဆွေက ပြောပါတယ်။