စီးပွားရေးလုပ်ငန်းများ ၃ လတစ်ကြိမ်ပေးဆောင်ရမည့် ဝင်ငွေခွန် နှစ်ကုန်အထိရွေ့ဆိုင်းပေး

1.6K
ဖြေလျှော့ပေးထားတဲ့ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စတွေ၊ အခွန်အခတွေနဲ့ ငွေကြေးထောက်ပံ့တာ တွေကို အခုနှစ် ဒီဇင်ဘာလကုန်အထိဆောင်ရွက်ပေးမယ်လို့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီးဌာနက ကြေညာပါတယ်။
ကိုဗစ်-၁၉ ရောဂါဖြစ်နေတုန်းမှာ ပြည်သူတွေရဲ့ စိတ်ဓာတ်ရေးရာ မြှင့်တင်ပေးတဲ့အနေနဲ့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်အရဖြစ်တယ်လို့ ဆိုပါတယ်။
လက်ခစားလုပ်ငန်းတွေ၊ ဟိုတယ်နဲ့ ခရီးသွားလာရေးလုပ်ငန်းတွေ၊ အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းတွေရဲ့ ၂၀၁၉-၂၀ ဘဏ္ဍာနှစ်မှာ သုံးလတကြိမ်ပေးဆောင်ရမယ့် ဝင်ငွေခွန်တွေကို ဒီဇင်ဘာ ၃၁ ရက်အထိ ပေးဆောင်နိုင်တယ်လို့ ဆိုပါတယ်။
ပြီးတော့ လစဉ်ပေးဆောင်ရတဲ့ ကုန်သွယ်လုပ်ငန်းခွန်တွေကိုလည်း ဒီဇင်ဘာ ၁ ရက်အထိ ပေးဆောင်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။