ဘိုလီးဗီးယားသမ္မတဟောင်း၏ လွှတ်တော်အမတ်ဝင်အရွေးခံရန် ကြိုးပမ်းချက် ပယ်ချခံရ

FILE PHOTO: Former Bolivian President Evo Morales gestures during an interview with Reuters, in Buenos Aires, Argentina March 2, 2020. Picture taken March 2, 2020. REUTERS/Agustin Marcarian/File Photo
1K
ဘိုလီးဗီးယားသမ္မတဟောင်း အီဗိုမိုရာလက်စ်ရဲ့ လွှတ်တော်အမတ် ဝင်အရွေးခံမယ့် ကြိုးပမ်းချက်ကို တရားရုံးက စက်တင်ဘာ ၇ ရက်မှာ ပယ်ချလိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ်က မကျင်းပဖြစ်ခဲ့တဲ့ အထွေထွေရွေးကောက်ပွဲကို လာမယ့်အောက်တိုဘာလထဲမှာ ကျင်းပမှာ ဖြစ်ပါတယ်။
သမ္မတဟောင်း မိုရာလက်စ်ဟာ နေထိုင်ခွင့် လိုအပ်ချက်နဲ့ မကိုက်ညီတာမို့ သူ့ရဲ့ ဆိုရှယ်လစ်ဝါဒအတွက် လှုပ်ရှားမှု (MAS) ပါတီအတွက် အထက်လွှတ်တော်အမတ်နေရာ ဝင်ရောက်မယှဉ်ပြိုင်နိုင်ဘူးလို့ တရားသူကြီး အဲဖရက်ဒိုဟိုင်မဲစ်က ဒေသခံမီဒီယာကို ပြောပါတယ်။
ဒါဟာ မိုရာလက်စ် ကိုယ်စားလှယ် အရွေးခံမယ့်အပေါ် ရွေးကောက်ပွဲ ခုံရုံးရဲ့ တားဆီးမိန့်ကို ဘိုလီးဗီးယားတရားရုံး ဆုံးဖြတ်ချက်က အတည်ပြုလိုက်တာလည်း ဖြစ်ပါတယ်။
မနှစ်တုန်းက အငြင်းပွားဖွယ် ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ဘိုလီးဗီးယားနိုင်ငံတဝန်း ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပြီးနောက် သမ္မတ အီဗိုမိုရာလက်စ် ရာထူးက ဆင်းခဲ့ရပါတယ်။
အခုအခါမှာတော့ သမ္မတဟောင်း မိုရာလက်စ်ဟာ အာဂျင်တီးနားနိုင်ငံမှာ ပြည်ပြေးဘဝနဲ့ နေထိုင်နေတယ်လို့ ရိုက်တာက ဖော်ပြထားပါတယ်။