အမျိုးစောင့်ဥပဒေနှင့်ပတ်သက်ပြီး လူ့အခွင့်အရေးကော်မရှင်ကို မေးမြန်းချက်
နန်းမြနဒီ
·
June 24, 2013
လွန်ခဲ့တဲ့ သီတင်းပတ်အတွင်း ဖြန့်ဝေခဲ့တဲ့ အမျိုးစောင့်ဥပဒေကြမ်းနဲ့ ပတ်သက်လို့ ဒါဟာ ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးသဘောတူကြေညာစာတမ်းပါ အရွယ်ရောက်ပြီးသူတိုင်းဟာ လွတ်လပ်စွာ ထိမ်းမြားလက်ထပ်ပိုင်ခွင့်ရှိတယ်ဆိုပြီး ထောက်ပြ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။
သံဃာတချို့က ရေးဆွဲထားတဲ့ အဲဒီဥပဒေကြမ်းထဲမှာ ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးတယောက်ကို ယူမယ့် ဘာသာခြားဟာ ဗုဒ္ဓဘာသာကို ၀င်ရမယ်လို့ သတ်မှတ်ထားပါတယ်။ ဒါဟာ ကိုယ်ယုံကြည်ရာကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိတယ်ဆိုတဲ့အချက်နဲ့လည်း ငြိစွန်းတယ်လို့ ထောက်ပြမှုတွေ ရှိပါတယ်။
ဒါနဲ့ ပတ်သက်လို့ နိုင်ငံတော်သမ္မတက ခန့်အပ်ထားတဲ့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်ရေးကော်မရှင်က ကော်မရှင်အဖွဲ့ဝင် ဒေါက်တာဒေါ်သန်းနွဲ့နဲ့ ဆက်သွယ်မေးမြန်းထားတာကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။