Home
မြန်မာသတင်း
ရွေးကောက်ပွဲအောင်နိုင်ရေးအလံတော် ဒေါ်အောင်ဆန်းစုကြည် လွှင့်ထူ 
DVB
·
September 8, 2020
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲအောင်နိုင်ရေး အလံတော် လွှင့်ထူခြင်း အခမ်းအနား ဒီနေ့မနက်ပိုင်းက နေပြည်တော် ယာယီဌာနချုပ်ရုံးခွဲမှာကျင်းပရာမှာ ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပြီး အလံလွှင့်ထူခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မူလက ဒီနေ့မနက် သူ့ရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ ကော့မှူးမြို့နယ်ကို သွားရောက်ဖို့ စီစဉ်ထားတာဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အရ  ခရီးစဉ်ကို ဖျက်သိမ်းကာ နေပြည်တော်မှာပဲ အလံလွှင့်ထူတဲ့ အခမ်းအနားကျင်းပခဲ့တာပါ။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခွင့်ကာလကိုလည်း ဒီကနေ့ စက်တင်ဘာလ ၈ ရက် မနက် ၆ နာရီကနေစတင်ပြီး  နိုဝင်ဘာလ ၆ ရက်နေ့ ည ၁၂ နာရီအထိ  ရက်ပေါင်း ၆၀ ခွင့်ပြုထားတာ ဖြစ်ပါတယ်။ မဲဆွယ်စည်းရုံးရာမှာ ကျန်းမာရေး လမ်းညွှန်နဲ့အညီ နေရာအကျယ်အဝန်း အနေအထားပေါ်မူတည်ပြီး တကြိမ်ကို လူဦးရေ ၅၀ ထက် မပိုပဲ မဲဆွယ်စည်းရုံးဟောပြောနိုင်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက စက်တင်ဘာ ၆ ရက်က  သတင်းထုတ်ပြန်ပါတယ်။ သတင်း-ဓာတ်ပုံ - ဖြိုးသက်ပိုင်မြင့်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024