ပြေတီဦးဖောင်ဒေးရှင်းက ကိုဗစ်ကပ်ဘေးသင့် ရခိုင်မိသားစုများအတွက် ငွေကျပ် ၃၇ သိန်းခွဲလှူ
DVB
·
September 7, 2020
ကိုဗစ်-၁၉ ကပ်ဘေး အကြပ်အတည်းကာလမှာ ရခိုင်ပြည်နယ်က အခြေခံပြည်သူ အိမ်ထောင်စု ၁၅၀ အတွက် ပြေတီဦးဖောင်ဒေးရှင်းက ငွေကျပ် ၃,၇၅၀,၀၀၀ လှူဒါန်းခဲ့ တယ်လို့ သိရပါတယ်။
ခုလိုထောက်ပံ့ကူညီမှုမှာတော့ အိမ်ထောင်စုတစုစီအတွက် ကျပ် ၂၅,၀၀၀ ကျသင့် တဲ့ အခြေခံစားသောက်ကုန် ၁၈ မျိုးစီကို ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ အလိုတော်ပြည့် ကျောင်းတိုက် အသျှင်ကုမာရထံမှတဆင့် ပေးအပ်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။
သရုပ်ဆောင်ပြေတီဦးရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာတော့ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ခုလိုရေးသားပြီး မျှဝေထားခဲ့တာပါ။
“ရခိုင်ပြည်နယ်အတွက် ကျနော်တို့ဖောင်ဒေးရှင်းမှ သွားရောက်လှူဒါန်းခဲ့ပါ တယ်... ရခိုင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်သားများအားလုံး ဘေးအန္တရာယ်များကို အမြန် ဆုံး ကျော်လွှားနိုင်ပြီး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ...🙏🙏🙏🙏🙏”
ပြေတီဦးဖောင်ဒေးရှင်းကို ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်က စတင်ကာ ကျပ်သိန်း ၁၀၀ မ တည်ငွေနဲ့ တည်ထောင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ဖောင်ဒေးရှင်းသက်တမ်းဟာ ဆယ် စုနှစ်တစုကျော် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
ပညာရေးဖောင်ဒေးရှင်းတခုအနေနဲ့ တည်ထောင်ခဲ့တဲ့ ပြေတီဦးဖောင်ဒေးရှင်းအ နေနဲ့ ဆေးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ပညာရေးတက္ကသိုလ်၊ စီးပွားရေး၊ ဉပဒေ စတဲ့ အထူးပြုမေဂျာတွေအလိုက် ပညာဆက်လက်သင်ယူဖို့ အခက်အခဲရှိတဲ့ ထူးချွန် ကျောင်းသားတွေကို ထောက်ပံ့ကူညီမှုပေးနေခဲ့တာပါ။
လတ်တလောမှာတော့ တကျော့ပြန် ကိုဗစ်-၁၉ ကပ်ဘေးဒဏ်သင့် ရခိုင်ပြည်သူ တွေအတွက် ဖောင်ဒေးရှင်းအနေနဲ့ လှူဒါန်းမှု ပြုခဲ့တာ ဖြစ်ပါတယ်။
ဒီကနေ့ နေ့လည် ၁ နာရီခွဲအချိန်ထိ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁,၄၆၄ ယောက်ရှိပြီး သေဆုံးသူ ၈ ယောက် ရှိပါတယ်။