မက်ဆီကို ဆက်ထိန်းပြီး ဂရစ်မန်းကို ရောင်းချရန် ဘာစီလိုနာပြင်ဆင်

2.1K
ဘာစီလိုနာအသင်းဟာ မက်ဆီကို ဆက်ထိန်းဖို့ လုပ်ဆောင်ခဲ့ပြီးနောက် ဂရစ်မန်းကို ရောင်းထုတ်သွားဖို့ ပြင်ဆင်နေတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။
နည်းပြသစ် ကိုးမန်းဟာ မက်ဆီကို လက်လွှတ်ခဲ့မယ်ဆိုရင် သူ့ရဲ့နေရာမှာ ဂရစ်မန်းကို ထားကစားဖို့ ပြင်ဆင်ထားခဲ့တာပါ။
ဒါပေမယ့် မက်ဆီက အသင်းမှာဆက်ရှိနေမှာဖြစ်ကြောင်း အတည်ပြုခဲ့တာကြောင့် ဂရစ်မန်းရဲ့ အနာဂတ်က မတည်မငြိမ်ဖြစ် လာခဲ့တယ်လို့သိရပါတယ်။
နည်းပြကိုးမန်းဟာ ဒမ်ဘီလီနဲ့အန်းဆုဖတ်တီတို့ကို တောင်ပံတိုက်စစ်မှာ အသုံးပြုသွားလိုပြီး ဂရစ်မန်းဇ်ကို ရောင်းချကာ တခြားနေရာတွေမှာ လူအင်အားဖြည့်တင်းဖို့ စီစဉ်ထားတယ်လို့ ဒေးလီးမေးလ်သတင်းစာက ဖော်ပြပါတယ်။
အသက် ၂၉ နှစ် ရှိ ပြင်သစ်လက်ရွေးစင်ဂရစ်မန်းဟာ ပြီးခဲ့တဲ့ ရာသီကမှ အက်သလက်တီကို အသင်းကနေ ပေါင် ၁၀၇ သန်းနဲ့ပြောင်းရွှေ့လာခဲ့တာပါ။
ပြီးခဲ့တဲ့လာလီဂါပြိုင်ပွဲမှာ ၉ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ဘာစီလိုနာအသင်းမှာ ထင်သလောက် ခြေစွမ်း ပြသနိုင်ခြင်း မရှိခဲ့တာဖြစ်ပါတယ်။
ဂရစ်မန်းကို ခေါ်ဖို့ လီဗာပူး၊ မန်ယူနဲ့အာဆင်နယ်တို့က စိတ်ဝင်စားဖွယ်ရှိနေတယ်လို့ သိရပါတယ်။