ဒါကာမြို့တော် ဗလီတခုအနီး ဂက်စ်ပိုက်ပေါက်ကွဲ၊ ဝတ်ပြုသူ ၁၆ ဦး သေဆုံး

1.9K
ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာအပြင်ဘက် နာရာရန်ဂန်ခရိုင်က ဗလီတခုနားမှာ စက်တင်ဘာ ၄ ရက်ညက ဂက်စ်ပိုက်ပေါက်ကွဲမှုဖြစ်ပြီး ဝတ်ပြုသူ ၁၆ ယောက် သေဆုံးခဲ့ပါတယ်။
ကလေး ၁ ဦးအပါအဝင် ၁၆ ယောက်ဟာ မီးလောင်ဒဏ်ရာရခဲ့ပြီးနောက် သေဆုံးခဲ့တာပါ။
ဒါဇင်နဲ့ချီတဲ့ ဒဏ်ရာရသူတွေကို မီးလောင်ဒဏ်ရာနဲ့ ဒါကာ ခွဲစိတ်အထူးကုဆေးရုံဆီအမြန် ပို့ဆောင်ပေးခဲ့ပြီး အများစုဟာ ဒဏ်ရာပြင်းထန်ပါတယ်။
ဒဏ်ရာရသူတွေရဲ့ အခြေအနေဟာ အရေးပေါ်အခြေအနေရှိတာမို့ သေဆုံးသူ အရေအတွက် တိုးလာနိုင်တယ်လို့လည်း မီးလောင်ဒဏ်ရာကုသရေးဌာန တာဝန်ရှိသူက ပြောပါတယ်။
ပေါက်ကွဲမှုဟာ ဗလီဝတ်ကျောင်းအတွင်း စုနေတဲ့ ဂတ်စ်တွေကြောင့် ဖြစ်ဖွယ်ရှိတယ်လို့ မီးသတ်အရာရှိတွေက ပြောဆိုပါတယ်။
ဂက်စ်ပိုက် ပေါက်ကွဲချိန် ဗလီအတွင်းရှိ အဲယားကွန်း ၆ လုံးစလုံး ပေါက်ကွဲသွားခဲ့ပါတယ်။
ဒီပေါက်ကွဲမှု ဖြစ်ရတဲ့အကြောင်းရင်းကို အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။